မင်္ဂလာပါ

မင်္ဂလာပါ

ဒီ blog လေးမှာ ဆေးပညာဗပာုသုတလိုလားသော ဆေးပညာကို စိတ်ဝင်စားသော သူများအတွက် သိသင့်သိထိုက်တာတွေကို ကျနော်တတ်နိုင်သမျှ ကြိုးစားပြီးဖော်ပြပေးသွားပါမယ်။ ဆေးပညာရပ်နဲ့၊ မိမိရောဂါဝေဒနာနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာများကိုလည်း မေးမြန်းနိုင်ပါတယ်။ ပြည်တွင်းရော ပြည်ပပါ အထူးသဖြင့် ဆေးကုသစရိတ်ကြီးတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေသော သူများ မေးမြန်းရလွယ်ကူစေရန် ရည်ရွယ်ပါတယ်။ လူတိုင်းလူတိုင်းကို ကျနော်တတ်နိုင်သောဘက်မှ ကူညီရန်ရည်ရွယ်ပါတယ်။

Q&A (မေးမြန်းဆွေးနွေးရန်) ၃။

ဒီနေရာလေးမှာသိလိုသည်များကိုမေးမြန်းနိုင်ပါတယ်။

135 comments:

  1.ိညီမလေးတစ်ဦး ခံစားနေရတဲ့ ရောဂါအတွက် ဆရာ့ထံ မေးမြန်းချင်ပါတယ်ဆရာ။ သူက အသက် ၂၀ ရှိပါပြီ။ သူနာပြုမေဂျာနဲ့ တက္ကသိုလ်တက်ရင်း ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ထွက်လိုက်ရတယ်။ Attention deficit disorder ကြောင့်ပါ။ ကျောင်းပြန်တက်စေချင်ပေမယ့် စာမကျက်နိုင်ဘူးလို့ ပြောတယ်။ ပစ္စည်းတွေလဲ မေ့တတ်ပျောက်တတ်တယ်။
    ကွန်ထရိုးမလုပ်နိုင်တဲ့ရောဂါကြောင့် ဘ၀ကို ရည်မှန်းချက်ရှိတဲ့အတိုင်း မကြိုးစားနိုင်ပဲ ဖြစ်သလိုမျှောနေတာကို ကူညီချင်ပါတယ်။ သူ့ကို ကျောင်းပြန်တက်နိုင်အောင်၊ စာပြန်ကျက်နိုင်အောင် ဒီရောဂါကို treat လုပ်ပေးလို့ မရနိုင်ဘူးလားဆရာ။

    ReplyDelete
    Replies
    1. Attention deficit disorder ဆိုတာ အခုတော်တော်များများကို ဖြစ်လာတဲ့ရောဂါတစ်မျိုးပါ။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါမို့ အဓိကကတော့ စိတ်နဲ့သာကုသရပါတယ်။ လုံးဝပျောက်ကင်းအောင်ကုသမယ်ဆိုရင်တော့ လူနာအပြင် အခြားမိသားစုများ၊ သူငယ်ချင်းများရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ဆေးဝါးနဲ့အပြင် နေထိုင်မှုပုံစံတွေကိုပါ ကုသရပါတယ်။ မိသားစုနဲ့သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ကူညီဖေးမမှုက ဒီရောဂါကို ကုသရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ရောဂါအများစုပာာ တရားထိုင်တာ၊ ပျော်ပျော်ရွှင်ရွှင်နေတာ၊ အားကစားလုပ်တာ၊ မိမိဝါသနာပါတဲ့ အရာလေးတွေ ဥပမာစာဖတ်ခြင်း၊ ပန်းထိုးခြင်း စတာတွေလုပ်ပေးတာနဲ့ သက်သာလာစေပါတယ်။ နိုင်ငံခြားမှာတော့ အဲလိုရောဂါမျိုးတွေကို စိတ်ဆရာဝန်အပြင် Behavioral therapy လို့ခေါ်တဲ့ ကုထုံးတွေနဲ့ ပေါင်းပြီးကုသကြပါတယ်။ ဒီမှာတော့ စိတ်ရောဂါကုဆရာဝန်နဲ့ အဓိက ပြသကုသသင့်ပါတယ်။ ဒီမှာသုံးလို့ရတဲ့ဆေးဝါးတွေရှိပါတယ်။ Methylphenidate hydrochloride ဆိုတဲ့ဆေးကို attention deficit disorder မှာသုံးလို့ရပါတယ်။ ဒါပေမယ့် မိမိဘာသာသောက်သုံးလို့ မရဘဲ စိတ်ရောဂါဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။ အရေးကြီးဆုံးတစ်ခုကတော့ လူနာကိုယ်တိုင်မိမိစိတ်ကို ပြုပြင်ဖို့နဲ့ မိသားစု၊ သူငယ်ချင်းတွေကလည်း ၀ိုင်းဝန်းပြီး ဖေးမကူညီဖို့ပဲဖြစ်ပါတယ်။

      Delete
  2. ဒေါက်တာ
    ကျနော့်မှာလဲ အထက်ပါရောဂါ ခံစားနေရလို့ မေးချင်ပါတယ်။ ကျွန်တော်က ADD မဟုတ်-ADHD ပါ။ private မေးခွန်းမို့ အီးမေးကနေ မေးချင်ပေမယ့် ဒီမှာပဲ မေးလိုက်ပါတယ်ခင်ဗျား-
    ဒီရောဂါမှန်း စ-သိရတုန်းက ကျနော် လက်မခံခဲ့ဘူး။ ဒီရောဂါသည်တွေက အာရုံမစူးစိုက်နိုင်ဘူးဆိုရင် ကျနော်ဘာလို့ စာတွေသင်နိုင်၊ စာအုပ်ထူကြီးတွေ ဖတ်နိုင်နေတာလဲ၊ မဖြစ်နိုင်ဘူးဆိုပြီး..
    ဒါပေမယ့် စိတ်တွေ အမြဲပြန့်လွင့်နေတာ-လူက အတွေးနယ်ထဲအမြဲရောက်ရောက်နေတာတွေက နေ့စဉ်ဖြစ်ဖြစ်နေတော့
    ကျနော်ဟာ ဒီရောဂါသည်ဆိုတာ လက်ခံလိုက်ရပါတယ်။
    Strattera က ဒေါက်တာပြောတဲ့ Methylphenidate hydrochloride ထင်ပါတယ်။ ကျနော် သောက်ခဲ့ပါတယ်။ စစသောက်ချင်း အာ၇ုံနည်းနည်းစိုက်နိုင်သလို ရှိပေမယ့် နောက်ပိုင်း မသက်သာပါ။ ထူးခြားလဲ မလာတော့ပါ။
    Ginko biloba သောက်ပါတယ်။ ဘာမှ ထူးခြားမှု မပြပါ။
    တရားထိုင်တော့ တော်တော်လေးတော့ ထူးခြားသက်သာလာပါတယ်။ အရက်က အင်္ဂလိပ်ဆေး၊ ပရဆေး ဆေးပေါင်းစုံ သောက်ခဲ့တာ မသက်သာရာကနေ အခု တိုးတက်မှုတော့ ပြလာပါတယ်။ ဆရာဝန်တွေ ပြောတဲ့အတိုင်း အစိမ်းရောင်အနီရောင်အသီးအရွက်တွေ စားတာတို့ ငါးစားတာတို့လဲ လုပ်ပါတယ်။ အရင်က မပျောက်တော့ဘူးဆိုပြီး စိတ်ဆင်းရဲနေရာကနေ အခု သက်သာလာတာ၊ အရင်က မလုပ်နိုင်တာတွေ လုပ်နိုင်လာတာ တွေ့ရတော့ ငါ ကြိုးစားရင် အရှင်းပျောက်နိုင်တယ်ထင်တယ်ဆိုပြီး နည်းနည်း အားတက်လာပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းတွေ သိချင်ပါတယ်။
    ဘ၀နောင်ရေးကို ဒီရောဂါက ဖျက်ဆီးထားသလို ဖြစ်နေလို့ ကျနော် အရှင်းပျောက်ချင်ပါတယ်ဒေါက်တာ။ ဘာတွေ ဆက်လုပ်ရမလဲ အကြံဥာဏ်ပေးပါခင်ဗျာ။

    ReplyDelete
    Replies
    1. ပာုတ်ကဲ့။ ADD နဲ့ ADHD နဲ့က အတူတူပါပဲ။ ADD ပာာ ADHD ရဲ့အခွဲတစ်ခုပါ။ ဒီရောဂါမျိုးကို ကုသတဲ့အခါမှာ ဆရာဝန်တစ်ယောက်တည်းတင်မကဘဲ ဘက်ပေါင်းစုံကနေပြီး ကုသမှုပေးရပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ ကူညီဖေးမမှုကိုရယူပါ။ ဒီလိုရောဂါတွေကုသတဲ့နေရာမှာ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ ချက်ခြင်းကြီးလုံးဝ ပျောက်ကင်းသွားအောင် ကုသဖို့တော့ မဖြစ်နိုင်ပါဘူး။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ တဖြည်းဖြည်းခြင်း ကုသပြီးမှ တိုးတက်လာတာဖြစ်ပါတယ်။ ဆေးတစ်ခုတည်းနဲ့ မသက်သာနိုင်ဘဲ Behavioral therapy လို့ခေါ်တဲ့ အပြုအမူ၊ အတွေးအခေါ်တွေကို ကုသပေးတဲ့နည်းနဲ့ပါ ကုသပေးရပါတယ်။ ဒီနေရာမှာ အနောက်နိုင်ငံတွေမှာတော့ Behavioral therapist လို့ခေါ်တဲ့ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ သေသေချာချာ ကုသကြပါတယ်။ ဒီမှာတော့ အဲလိုမျိုးတွေမရှိတဲ့အတွက်ကြောင့် စိတ်ရောဂါဆရာဝန်တစ်ယောက်ထဲကိုပဲ အားကိုးရပါတယ်။ ဒါပေမယ့် အကိုအခုလုပ်နေတာတွေက ကောင်းပါတယ်။ တိုးတက်လာတယ်ဆိုကတည်းက ဒီနည်းတွေက အကို့အတွက် အကျိုးရှိပါတယ်။ အဆင်ပြေပါတယ်။ တရားထိုင်တာကို ဆက်လုပ်ပေးပါ။ ကျနော်ခဏခဏ ဖြေထားဖူးခဲ့သလိုပဲ လေ့ကျင့်ခန်းတွေလုပ်တာ၊ စိတ်ဝင်စားတဲ့အလုပ်တွေလုပ်တာ၊ အပြင်ထွက်လျှောက်လည်တာမျိုးတွေကို လုပ်ပေးပါ။ Methylphenidate ကိုဆက်သောက်ပေးပါ။ ငါးများများစားပေးပါ။ အကို့မှာ အဲလိုမျိုးအားတက်တဲ့စိတ် ဆက်ကြိုးစားချင်တဲ့စိတ်ပေါ်နေတာ အများကြီးကောင်းပါတယ်။ အင်မတန်ကောင်းမွန်တဲ့လက္ခဏာပါ။ ဆက်ပြီး ကြိုးစားပေးပါ။ ဗပာုသုတအနေနဲ့ပြောရရင် ဆိုးဆေးပါတဲ့အစားအသောက်တွေပာာ ဒီရောဂါကိုပိုပြီး ဖြစ်စေတယ်လို့ဆိုပါတယ်။

      Delete
  3. ဒေါက်တာ
    နောက်တစ်ခေါက် ပြန်မေးရတာ ခွင့်လွှတ်ပါ။ဒေါက်တာပြောတဲ့ behavioral therapy ဆိုတာ ဘာလဲ ပြောပြပါခင်ဗျာ။ လုပ်ပေးနိုင်တဲ့ ပညာရှင်တွေ မရှိရင် အဲဒီ behavioral therapy ဆိုတာကို ကိုယ့်ဟာကိုယ်ရော လုပ်လို့ရပါသလားခင်ဗျာ။
    လေ့ကျင့်ခန်း လုပ်ရမှာ ပျင်းပေမယ့် ဒေါက်တာ အခုပြောလာတော့ လုပ်ပါ့မယ်။ ငါးလဲ များများစားပါ့မယ်။ ဆိုးဆေးပါတဲ့ အစားအသောက်ဆိုတာ ကိတ်မုန့်၊ ကွတ်ကီး၊ဒိုးနပ်၊ ဖျော်ရည်၊ လက်ဖက်ရည်လို ခေတ်ပေါ်အစားအစာ အကုန်လုံး ပါပါသလားခင်ဗျာ။ အကုန်လုံးရှောင်ဆိုလဲ ရောဂါပျောက်ချင်တဲ့အတွက် ရှောင်ပါ့မယ်။ သေချာအောင် မေးတာပါ။

    ReplyDelete
    Replies
    1. Behavioral therapy ဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အတွေးအခေါ်တွေကို ပြုပြင်ပေးတာကိုပြောတာပါ။ ဥပမာ စိတ်ဓါတ်ကျနေတဲ့လူတစ်ယောက်ဆိုရင် သူ့ရဲ့ အပြုအမူတွေမှာ ဘာစိတ်ဓါတ်ကျစရာတွေရှိနေလဲ။ သူ့ရဲ့နေထိုင်မှုပုံစံကရော ဘာတွေမှားယွင်းနေလဲ။ သူ့အတွေးအခေါ်တွေကရော မှားယွင်းနေလား၊ အဲလိုမျိုးတွေကို ဆန်းစစ်ပြီး ပြုပြင်ပြောင်းလဲလာအောင် ကူညီပေးရတာပါ။ ကိုယ့်ပာာကိုယ်လည်း လုပ်လို့တော့ရပါတယ်။ ကိုယ်ဘာတွေမှားနေလဲ။ ကိုယ့်ဘယ်အပြုအမူတွေ၊ အနေအထိုင်တွေက ပိုဆိုးနေစေလည်းဆိုတာကို သုံးသပ်ပြီး ပြုပြင်သင့်တာတွေပြုပြင်ကြည့်ပါ။ အစားအစာတွေအားလုံးလားဆိုတာကတော့ ပြောရခက်တယ်ဗျ။ ကျနော်ဖတ်ဖူးတဲ့စာအုပ်ကပြောတာတော့ ဒီရောဂါဖြစ်လာအောင်အားပေးတယ်လို့ပြောတယ်။ ဆိုးဆေးဆိုတဲ့နေရာမှာ ကျနော်ထင်တာတော့ ကျန်းမာရေးနဲ့မကိုက်ညီတဲ့ ဆိုးဆေးပါတဲ့အစားအစာတွေကိုပဲ ဆိုလိုမယ်လို့ထင်မိတယ်။ ဥပမာ Chemical တွေနဲ့ဆိုးတဲ့ ပိာုတခါ လက်ဖက်တို့ ငါးပိတွေလိုမျိုးပေါ့။ ဒါပေမယ့် အရောင်လှအောင်ဆိုးတဲ့ ဆိုးဆေးမှန်သမျှတော့ ဘာမှမကောင်းပါဘူး။ အစားအသောက်ဆိုးဆေးသုံးတယ်လို့ပဲဆိုဆို ဆိုးဆေးပါတာတွေထက်စာရင်တော့ နဂိုအတိုင်းအရောင်ရှိတဲ့ အစားအစာတွေကိုရွေးချယ်စားသုံးတာကတော့ ပိုပြီးကောင်းပါတယ်ခင်ဗျာ။

      Delete
  4. သားငယ်3 June 2012 02:10

    ကျွန်တော် ရယ်ဒီမိတ်ခေါက်ဆွဲခြောက်အမြဲစားတယ်ဆရာ။အထွေအထူးချက်နေစရာမလိုတော့လွယ်လို့အမြဲစားဖြစ်တာပါ။ သားကြီးငါးကြီးတွေထက်ဈေးပေါပြီးဗိုက်လဲဝလွယ်တော့ ခေါက်ဆွဲခြောက်နဲ့ဘဲဥပြုတ်၊ ခေါက်ဆွဲခြောက်နဲ့ဝက်အူချောင်း ဒါတွေ စားဖြစ်တာများပါတယ်။ထမင်းစားရင်လဲ ဘဲဥ၊၀က်အူချောင်းလို လွယ်လွယ်ချက်နိုင်တာတွေနဲ့ စားဖြစ်ပါတယ်။ နေမကောင်းလို့ဆရာဝန်ပြတော့ ကိုယ်ထဲမှာ သွေးထဲကဓာတ်တစ်ချို့နည်းတယ်တဲ့ဆရာ။ရယ်ဒီမိတ်တွေစားလို့လား၊ ဒါမှမဟုတ် သားငါးများများမစားနိုင်လို့လား။ဘာတွေစားရမလဲဆရာ

    ReplyDelete
    Replies
    1. အသင့်ပြင်ထားတဲ့ ရယ်ဒီမိတ် အစားအသောက်တွေပာာ ပုံမှန်လိုစားသောက်နေရင် ကြာရင်ကျန်းမာရေးအတွက် မကောင်းတတ်ပါဘူး။ ဒီနေရာမှာ ပိုဆိုးနေတာက အကို့အနေနဲ့က တခြားအစားအသောက်တွေကို မစားဖြစ်ဘဲ ဒီလိုရယ်ဒီမိတ်တွေပဲ စားဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။ ရယ်ဒီမိတ်အစားအသောက်တွေပာာ အနည်းနဲ့အများဆိုသလို ကြာရှည်ခံအောင် ဓာဓုပစ္စည်းအသုံးပြုရတဲ့အတွက် ကြာရှည်စားရင်တော့ ကျန်းမာရေးထိခိုက်လာမှာပါ။ ဒီလိုအစားအသောက်တွေမှာ လူတစ်ယောက်အတွက်လိုအပ်တဲ့ အာပာာရတွေပြည့်ဝစွာ မပါဝင်တတ်ပါဘူး။ အဲဒီအတွက် ဒီလိုမျိုး သွေးထဲကဓါတ်တချို့နည်းနေတာဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကျနော်အကြံပေးချင်တာက အကို့အနေနဲ့ ရယ်ဒီမိတ်စားတာကို လျော့ပြီး အသား၊ငါး၊ ပာင်းသီးပာင်းရွက်တွေကို ပြန်စားပေးပါ။ အားဆေးအနေနဲ့ကတော့ Vitamin C, Folic acid and Vitamin B complex ပါဝင်သော အားဆေးမျိုးကိုသောက်ပေးပါ။ ရယ်ဒီမိတ်တွေကို လုံးဝမစားရဘူးလို့ မတားမြစ်ပါဘူး။ အချိန်မလောက်တော့တဲ့ အချိန်တွေမှာတော့ စားပါ။ ဒါပေမယ့် အချိန်ရှိတဲ့အခြေအနေတွေမှာတော့ အသား၊ ငါး၊ ပာင်းသီးပာင်းရွက်တွေနဲ့ ချက်ပြုတ်စားသောက်ပေးပါ။

      Delete
  5. ဆရာ၊၊၊ ကျွန်တော့်အဖေ ဆေးလိပ်ဖြတ်တာ မအောင်မြင်ပဲ ပြန်ပြန်သောက်တတ်ပါသည်၊၊၊ ဆေးလိပ်လုံးဝမရနိုင်မည့်နေရာမှာ ဘယ်လောက်ကြာကြာနေရင် ဆေးလိပ်ပြတ်သွားနိုင်မလဲ သိချင်ပါသည်၊၊၊ ဆေးလိပ်ပြတ်စေသောဆေးများ ရှိပါသလား၊၊၊
    အဖေက ၀က်သားကြိုက်ပြီး လူက၀ပါသည်၊၊၊ အရက်လဲ တခါတလေ သောက်တတ်ပါသည်၊၊၊ လက်တစ်ဖက်က လေဖြန်းသလို ကျင်ပြီး ခဏလောက် တန်းတန်းသွားတာ ၂ခါ ဖြစ်ဖူးပါသည်၊၊၊ အန္တရာယ်ရှိပါသလား၊၊၊

    ReplyDelete
    Replies
    1. ပထမဆုံး အရေးကြီးတာကို စပြီး ဖြေချင်ပါတယ်။ လေဖြန်းသလိုကျင်ပြီး ခဏလောက်တန်းတန်းသွားတယ်ဆိုတာ အရေးကြီးပါတယ်။ သွေးကြောတွေပိတ်နေပြီဆိုတဲ့ လက္ခဏာပါ။ ပိတ်နေတဲ့သွေးကြောပြန်ပြန်ပွင့်သွားလို့ လေမဖြတ်သေးတာပါ။ သွေးကြောလုံးဝပိတ်သွားရင်၊ ပေါက်သွားရင်တော့ လေဖြတ်ပါပြီ။ တစ်သက်လုံးမလှုပ်နိုင် မကိုင်နှိုင်ဖြစ်ပြီး လူဖြစ်ရှုံးပါပြီ။ အဲတော့ တစ်ခုကိုရွေးချယ်ရပါမယ် ဆေးလိပ်သောက်တာကို ရပ်မလား၊ ဒါမှမပာုတ် လေဖြတ်ပြီး အိပ်ယာထဲလဲနေချင်လားဆိုတာပါ။ အခုလောလောဆယ်မှာတော့ ကျနော်အကြံပေးချင်တာက အကို့အဖေမှာ အစာအိမ်ရောဂါမရှိဘူး၊ သွေးထွက်လွန်တတ်တဲ့ရောဂါတွေမရှိဘူးဆိုရင် Aspirin ကို တစ်နေ့ကို 75mg သောက်ပေးပါ။ အမြဲတမ်းသောက်ရမှာပါ။ လေဖြတ်တာကို ကာကွယ်ပေးထားပါလိမ့်မယ်။ ဒါပေမယ့် ဆေးလိပ်ဆက်သောက်နေရင်တော့ ကြာရင်မခံနိုင်လောက်ပါဘူး။ လေဖြတ်၊ နှလုံးသွေးကြောကျဉ်းနိုင်သလို၊ အဆုတ်ကင်ဆာလည်းဖြစ်နိုင်ပါတယ်။ အကို့အဖေက ၀လည်းဝနေတော့ ပိုပြီးဆိုးပါတယ်။ အကို့အနေနဲ့က ဆေးလိပ်သောက်တာရဲ့ ဆိုးကျိုးတွေနဲ့ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို နားလည်အောင်ရှင်းပြပေးပါ။ ဆေးလိပ်သောက်တာကို ဖြတ်တဲ့နေရာမှာတော့ မိသားစုရဲ့ အကူအညီအပြင် ကိုယ်တိုင်ရဲ့ စိတ်ခိုင်မာမှုနဲ့လည်း မူတည်ပါတယ်။ ဆေးလိပ်လုံးဝမသောက်တော့ဘူးလို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားရင် ရပါတယ်။ မိသားစုကလည်း ဆေးလိပ်ကို လက်လှမ်းမမှီအောင် တတ်နိုင်သမျှဝိုင်းဝန်းကူညီကြပါ။ ဆေးလိပ်အစားထိုး Nicotine Gum ဆိုတဲ့ပီကေကို ဆေးလိပ်သောက်ချင်တဲ့ အချိန်တွေမှာ စားလို့ရပါတယ်။ ဆေးတွေအနေနဲ့ကတော့ Buprionin ဒါမှမပာုတ် Varenicline ကိုသုံးလို့ရပါတယ်။
      Buprionin ကို 150mg နေ့တိုင်း ၆ရက်၊ ပြီးရင် 150mg ကိုတစ်နေ့၂ခါ ဆက်သောက်သွားရပါတယ်။ ကုသချိန် ၇ပတ်ကနေ ၉ပတ်ထိကြာမြင့်နိုင်ပါတယ်။ ဆိုးကျိုးတွေကတော့ ရှိပါတယ်။ အာခြောက်ခြင်း၊ အစားသောက်ပျက်ခြင်း၊ အိပ်မပျောက်ဖြစ်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းမူးစတာတွေ ဖြစ်လာနိုင်ပါတယ်။
      Varenicline ကို 500microg တစ်နေ့တစ်ကြိမ် ၃ရက်၊ 500microg တစ်နေ့၂ကြိမ် ၄ရက်၊ 1mg တစ်နေ့ ၂ကြိမ် ၁၁ပတ်သောက်ရပါတယ်။ ဆိုးကျိုးတွေကတော့ အပေါ်ကဆေးနဲ့သိပ်မကွာပါဘူး။
      ဆေး၂မျိုးလုံးမသောက်ရပါဘူး။ တစ်မျိုးကိုပဲရွေးချက်ရမှာပါ။

      Delete
  6. ဆရာရှင့်
    ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဆရာ့ဘလော့မှ ရခဲ့တဲ့အတွက် များစွာကျေးဇူးတင်မိပါတယ်..
    မမေးဖူးလို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပါနော်.. ကျွန်မက ITPေ၇ာဂါရှိပါတယ်။ အရင်ကတည်းက ပေါင်၊ခြေသလုံးတို့မှာခိုက်မိလို့ပေါ်လာတဲ့ ဒါဏ်လို သွေးခြေဥသလို အစိမ်းရောင် အကွက်တွေတော့ပေါ်နေပေမဲ့ သတိမထားမိပါဘူး။ Gum Bleeding ဖြစ်ပြီးဆေးရုံရောက်မှ ဒိရောဂါရှိမှန်းသိလိုက်ရတာပါ။ ITP ရောဂါနဲ့ပတ်သက်လို့ အသေးစိတ် သိချင်လို့ပါ။
    ဆရာဝန်တွေကတော့နားလည်လွယ်အောင် ဗီတာမင် K ချို့တဲ့ တဲ့ရောဂါ၊ သွေးခဲစေတက်တဲ့ဓါတ်ချို့တဲ့တဲ့ရောဂါလို့ပြောပါတယ်။ ရောဂါရှာဖွေဆဲကာလ အတွင်းတုန်းက bone marrow လုပ်ခဲ့ပါတယ်..ငယ်ကတည်းကသိထားခဲ့တာက အဲလိုလုပ်ပြီဆို သွေးကင်ဆာပဲ နောက်အချိန်တန်ရင် ငါသေရတော့မှာပဲလို့ ထင်ခဲ့ပြီး ရောဂါအမည်ရှာဖွေမတွေ့မချင်း မိသားစုရော ကိုယ်တိုင်ရော အရမ်းလန့်ခဲ့ပါတယ်။
    သွေးနဲ့ပတ်သက်ရင်ကို ကြောက်လွန်းလို့ အသေးစိတ်ဖြေကြားပေးပါနော်။
    ITP ဆိုတာက သွေးကင်ဆာရဲ့အစလား ? ။ ဒီထက်နောက်ကျမှ သိဖြစ်ခဲ့ရင် ၊ဒီရောဂါမပျောက်ဘဲ ပြန်ပြန်ဖြစ်နေခဲ့ရင် သွေးကင်ဆာအဖြစ်သို့ (သို့)ကင်ဆာအဖြစ် ကူးပြောင်းသွားမှာလား။ မျိုးရိုးရောလိုက်တက်ပါသလားရှင့်။ လုံးဝပျောက်ကင်းအောင်ကုသလို့ရပါသလား။ ပြန်ပြန်ဖြစ်တက်ပါသလားရှင့်။ မတည့်သောအစားအစာများ၊ စားသင့်သောအစားအစာများလည်း သိချင်ပါတယ် .ဘာ့ကြောင့်မတည့်တာလဲ ဆိုတာပိါသလို့ရရင်သိချင်ပါတယ်ရှင့်။ ဒီရောဂါရှင်တွေဟာ အိမ်ထောင်ပြုလို့မရဘူး ။ ကလေးယူမရ ဘူး လို့ပြောပါတယ် ။ဟုတ်ပါသလားရှင့်။ အိမ်နီးချင်းတယောက်ကလည်း ဒီရောဂါရှိတယ် ။
    သွေးအမြဲသွင်းနေရတယ် ဓမ္မတာလာရင်လည်း တော်တော်နဲ့မ၇ပ်ဘူး များတယ်လို့ပြောပါတယ်။ သူလည်းသွေးကျဲလို့ကလေးယူမရတာလို့ပြောပါတယ်။ဒါပေမဲ့သူအကွက်တွေပေါ်တာက လူမမြင်၇တဲ့နေရာတင်မဟုတ်ဘဲလည်ပင်းတွေမှာတောင်ပေါ်လို့ ကျောင်းမှာအရှက်ရခဲ့ကြောင်း ပြောပါတယ်။ကျမက သူ့လို့တွေတော့မရှိခဲ့ပါဘူး သွေးလည်းမသွင်းရပါဘူး။သွေးကျဲတဲ့ရောဂါ ၊သွေးမတိတ်တဲ့ရောဂါ၊သွေးခဲစေတဲ့ ဓါတ်ချို့တဲ့ တဲ့ရောဂါအတူတူပဲလား တမျိုးတည်းကိုပဲအခေါ်အဝေါ်မတူတာလားရှင့်။
    အခုတော့ ဆရာဝန်ညွှန်ကြားချက်အရ ဒီရောဂါနဲ့ပတ်သက်တဲ့ဆေးမသောက်ရတော့ပါဘူး။
    ရောဂါနဲ့ပတ်သက်တဲ့ဆေးတွေ သောက်စဉ်က ဘေးထွက်ဆိုးကျိုးတွေကိုလည်းကြောက်လို့
    ပြန်ဖြစ်မှာကြောက်လို့ ထမင်းလည်းများများစားပါတယ်။ လိုအပ်မယ်ထင်တဲ့အစားအသောက်မှန်သမျှကိုလည်း စားပါတယ်။ ဒါပေမဲ့ တခါတလေ
    ပေါင်မှာ တကွက် နှစ်ကွက် (အကွက်သေး)ပေါ်တက်ပါတယ်။ ဗီတာမင်ဓါတ်စုံအောင်အစာဝအောင်စားနေ ရက်နဲ့ ပေါ်တာဆိုတော့ မတည့်သောအစားအစာများပါသွားလို့လား။ ခိုက်မိတာမဟုတ်ဘဲနဲ့ အဲလိုပေါ်တက်တာဟာ ဘာလိုအပ်ချက်များ ရှိလို့ပါလဲ ဆိုတာသိချင်ပါတယ်ရှင့်။
    ရောဂါဖြစ်စကတော့ ဆရာဝန်က အငန် အစပ်တွေ (အထူးသဖြင့် အစပ်)မစားခိုင်းပါဘူး။
    ပြန်မဖြစ်အောင် အစပ်လုံးဝရှောင်ရမှာလားရှင့်။
    ဗမာဆေးတွေသောက်ပါများရင်လည်း သွေးကျဲတယ်ဆိုတာ ဟုတ်ပါသလားရှင့်။
    အခုတော့ ဘာဆေးမှမသောက်ရတော့တဲ့အတွက် အားဆေး၊ သံဓါတ်အားဆေးတို့ တခါတရံ
    သောက်ပါတယ်။ ဘယ်လိုအားဆေးမျိုးကို သောက်သင့်ပါသလဲ။
    သိချင်တာတွေအရမ်းများသွားတဲ့အတွက် ဆရာ့ကိုအားလည်း အားနာပါတယ်။
    အမှားများပါခဲ့ရင် မမေးဖူးလို့ သိချင်စိတ်လည်း အရမ်းများသွားလို့
    ခွင့်လွှတ်ပေးပါနော်။
    လေးစားကျေးဇူးတင်စွာဖြင့် …

    ReplyDelete
    Replies
    1. ကျနော်တစ်ခုချင်းစီ ဖြေကြားပေးပါမယ်။ လူ့ခန္ဒာကိုယ်မှာ Platelet လို့ခေါ်တဲ့သွေးအပိုင်းအစလေးတွေက သွေးထွက်တဲ့အခါမှာ သွေးတိတ်သွားအောင် လုပ်ပေးပါတယ်။ Idiopathic thrombocytopenic purpura(ITP) ဆိုတဲ့ရောဂါကတော့ အဲဒီ Platelet တွေပာာ ဘာအကြောင်းကြောင့်လည်းဆိုတာ မည်မည်ရာရာရှာမတွေ့ဘဲနည်းနေတဲ့ရောဂါဖြစ်ပါတယ်။ များသောအားဖြင့်တော့ ခန္ဒာကိုယ်က တုံ့ပြန်မှုများပြီး ကိုယ့်ကိုယ်ထဲမှာ ရှိတဲ့ Platelet တွေကိုပြန်ပြီးတိုက်ခိုက်နေတာကြောင့်ဖြစ်ပါတယ်။ အဲဒီအတွက် Immune Thrombocytopenic purpura လို့လည်းခေါ်ကြပါတယ်။
      Bone Marrow Biopsy လုပ်တာပာာ ကင်ဆာတစ်ခုတည်းမှာသာလုပ်တာမပာုတ်ပါဘူး။ သွေးနဲ့ပတ်သက်တဲ့ရောဂါအများစုမှာ ဒီစမ်းသပ်မှုကိုလုပ်ရပါတယ်။ အဲဒါမှ အဖြေကိုသေသေချာချာ သိအောင်လို့ပါ။ သေသေချာချာပြောရရင်တော့ Bone marrow ဆိုတာပာာ သွေးစဖြစ်တဲ့နေရာမို့လို့ အဓိကသွေးထုတ်လုပ်တဲ့နေရာကို စစ်ဆေးကြည့်ရင် ဘာဖြစ်လည်းဆိုတာကို သေချာသိနိုင်တာမို့ ဒီစစ်ဆေးမှုကိုလုပ်တာပါ။ ဘာမှကြောက်စရာမရှိပါဘူး။ ITP ပာာသွေးကင်ဆာမပာုတ်ပါဘူး။ နောက်ပိုင်းမှာလည်း သွေးကင်ဆာအဖြစ်ကို ပြောင်းလဲသွားနိုင်တဲ့ ရောဂါမပာုတ်ပါဘူး။ မျိုးရိုးကြောင့်မပာုတ်ဘဲ ကိုယ့်ကိုယ်ခံအား ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး သွေးခဲစေတဲ့ဓါတ်တွေကိုတိုက်လို့ သွေးထွက်တဲ့ရောဂါဖြစ်ပါတယ်။ လုံးဝပျောက်ကင်းသွားအောင်တော့ကုသလို့မရပါဘူး။ ဘာရောဂါလက္ခဏာမှ မပြရင်၊ သွေးတွင်း Platelet 30*10(9) ထက်ကျော်နေရင် ကုသစရာမလိုပါဘူး။ ဒီလိုမှမပာုတ်ဘဲ သွေးထွက်ရင်မတိတ်ဖြစ်နေမယ်ဆိုရင်တော့ ဆေးဝါးကုသမှုနဲ့ သွေးသွင်းကုသမှုတို့ကို ခံယူရပါမယ်။ ဒီရောဂါပာာ အစားအသောက်နဲ့မဆိုင်ပါဘူး။ အစားအသောက်ကို မိမိနှစ်သက်ရာစားသောက်နိုင်ပါတယ်။ အစပ်မစားရဘူးဆိုတာကတော့ ဒီရောဂါဖြစ်တဲ့သူတွေမှာ အစာအိမ်ရောဂါတွဲဖြစ်တတ်တဲ့အတွက် ရှောင်ခိုင်းတာဖြစ်ပါလိမ့်မယ်။ ဒီရောဂါသမားတွေမှာက ခိုက်မိလို့အကွက်ဖြစ်ပေါ်နိုင်သလို သူ့ဘာသာသူလည်း အကွက်ဖြစ်ပေါ်နိုင်ပါတယ်။ နည်းနည်းပဲဖြစ်နေတာကတော့ ကိစ္စမရှိပါဘူး။ ဒီလိုမှမပာုတ်ဘဲ အကွက်တွေအများကြီးဖြစ်နေတာ၊ သွေးထွက်ရင် မတိတ်တာမျိုးတွေဖြစ်နေရင်တော့ ကုသမှုခံယူရပါမယ်။ အိမ်နီးချင်းဖြစ်တဲ့ရောဂါပာာ ညီမဖြစ်တဲ့ရောဂါနဲ့ တူခြင်မှလည်းတူမှာပါ။ သွေးမတိတ်တဲ့ရောဂါတွေပာာ အမျိုးမျိုးရှိကြပါတယ်။ တစ်ခုနဲ့တစ်ခု ဖြစ်တဲ့ပုံစံခြင်းမတူညီကြပါဘူး။ ဘယ်လောက်ပဲ ထိန်းထားနိုင်တယ်ပဲဆိုဆို ဒီလိုမျိုးသွေးရောဂါတွေရှိသူတွေမှာတော့ သွေးခဲချိန်ပာာ သာမန်လူတွေထက်စာရင်တော့ ပိုပြီးကြာနေတတ်ပါတယ်။ အဲဒါကြောင့် ရာသီလာချိန်မှာများတာဖြစ်နိုင်ပါတယ်။ ဖြစ်သင့်တာကတော့ ဒီလိုမျိုးသွေးဆုံးရှုံးမှုများနေတာပာာ ရေရှည်မှာမကောင်းနိုင်လို့ သေချာကုသမှုကိုခံယူသင့်တာပါ။ အိမ်ထောင်ပြုလို့မရဘူးဆိုတာမပာုတ်ပါဘူး။ ကလေးယူတဲ့နေရာမှာလည်းသွေးတွင်းဓါတ်ကို သေချာထိန်းထားနိုင်ရင် ယူလို့ရပါတယ်။ ဗမာဆေးတွေနဲ့ပတ်သက်ပြီးတော့ကျနော်သိပ်ပြီး မှတ်ချက်မပေးလိုပါဘူး။ ဗမာဆေးတွေရဲ့ ဘာတွေပါဝင်မှန်းမသိတဲ့အခြေအနေကြောင့် ကျနော်လည်းပြောရခက်ပါတယ်။ ဒါပေမယ့် တချို့ဗမာဆေးတွေကတော့ ဆိုးကျိုးများစေတယ်ဆိုတာကို ကြားဖူးပါတယ်။ အားဆေးတွေသောက်နေတာကောင်းပါတယ်။ သံဓါတ်၊ Folic acid, Vitamin B complex စတဲ့အားဆေးတွေသောက်တာကောင်းပါတယ်။ အရေးအကြီးဆုံးက ထိမိခိုက်မိမဖြစ်အောင် အတတ်နိုင်ဆုံးသတိထားပြီးရှောင်ရှားပါခင်ဗျာ။ ဒီလိုမိမိရဲ့ရောဂါနဲ့ ပတ်သက်ပြီး လုံးစေ့ပတ်စေ့မေးမြန်းတာ အရမ်းကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါ။

      Delete
  7. ကျွန်တော့်အမေ နားထဲမှာ ဇီဇီဇီဇီအသံတွေ ကြားနေရတယ်ဆိုပြီး ဆရာဝန်နဲ့ ပြတယ်ဆရာ။ ခေါင်းထဲက သွေးကြောလေးတွေ ပေါက်သွားလို့လားလို့ ကျွန်တော်ထင်တယ်။ သွေးတိုးရှိတော့ ဆရာဝန်က သွေးကျဆေး ပေးတယ်။
    နောက် အမေ့စိတ်နေတွေအမူအရာတွေ ထူးခြားလာတယ်။ ပြုစုပေးနေတဲ့ဆွေမျိုးတစ်ယောက်ကို အစက ကျေးဇူးတင်ရမှန်း သိရာကနေ တစ်ချိန်လုံး မကောင်းတွေ ပြောလာတယ်။ ခါတိုင်း ဒီလိုမဟုတ်ဘူး။ လူရှေ့ဆိုအမြဲကဲ့ရဲ့နေတော့ အမျိုးက ဆက်လုပ်မပေးတော့ဘဲ အိမ်ကထွက်သွားရော။ သားသမီးတွေနဲ့လဲ ထူးထူးဆန်းဆန်း ပြဿနာတွေ ဖြစ်လာတယ်။ လခမှန်မှန်အပ်ပြီး ရှာကျွေးနေလို့ ခါတိုင်း အမေ အမြဲဂုဏ်ယူနေတဲ့ သားသမီးအကြီးတွေကို အရပ်ထဲမှာ အမေကိုယ်တိုင် မမှန်သတင်းလွှင့်လို့ အရှက်တွေကွဲ၊ ဒုက္ခတွေရောက်၊ စိတ်တွေဆိုးကြ ဖြစ်ကုန်တယ်။ ဆိုးလွန်းတယ်ဆိုပြီး အရပ်က မကြိုက်တဲ့ သားတစ်ယောက်ကိုကျတော့ ထူးထူးခြားခြား အရမ်းအထိမခံ ချစ်နေရော။ လူတွေ အကောင်းမြင်ကြ၊ ချီးမွမ်းကြတာမျိုးဆို အမေက အဆိုးမြင်လာတယ်၊ လူတွေ အဆိုးမြင်တာဆို အမေ အကောင်းမြင်လာတယ်။
    ပိုက်ဆံလဲ အရမ်းသုံးလာတယ်။ ဒါပေမယ့် အိမ်မှာအ၀တ်လာလျှော်တဲ့ အစ်မကြီးကိုဖြစ်ဖြစ်၊ နွမ်းပါးတဲ့ မိသားစုတွေကိုဖြစ်ဖြစ် အိမ်သားတစ်ယောက်ယောက်က စားစရာတို့ အ၀တ်အစားတို့ ပေးတာမျိုးဆို လုံးဝမကြိုက်တော့ဘူး။ သူများဖို့ဆို အရမ်းစေးနဲ၊ အရမ်းနှမြောလာတယ်။ အမူအကျင့်က negative ဖက်ကို အရမ်းရောက်သွားတယ်။
    လေဖြတ်ရင် တစ်ချို့တွေက ဒီလိုပဲ စိတ်ပြောင်းစရိုက်ပြောင်းသွားတတ်တယ်ဆိုတော့ major stroke မဖြစ်ဖူးပေမယ့် အမေ့ဦးနှောက်ထဲမှာ minor stroke များ ဖြစ်သွားလို့ ဒီလိုဖြစ်တာလား တွေးမိလို့ပါ။ ဟုတ်မဟုတ်တော့ ဆရာပဲ ရှင်းပြပေးပါ။ ဆရာဝန်ဆီ ခေါ်သွားဖို့ကျလဲ အမေက ခုနောက်ပိုင်းဆို အရမ်းခေါင်းမာ၊ တစ်ခုခု လုပ်ပေးမယ်ဆိုရင် ဘာမဆို ဆန့်ကျင်ဖက် လုပ်လိုက်ပြောလိုက် ရွဲ့လိုက်ရမှဆိုတော့ ဆရာဝန်ဆီ ခဏခဏပို့လို့ မရဘူးဆရာ။
    ဘယ်လိုစား၊ ဘယ်လိုနေဆိုတာ ဆရာဝန်တွေ ပြောတာလဲ တစ်ခုမှ ဂရုမစိုက်ဘဲ ဆရာဝန်တွေ တားတာတွေ အကုန်လုပ် အကုန်စားတယ်။ ဆရာဝန်အပါအ၀င် အမေနဲ့ ဆက်ဆံရတဲ့ လူတွေကို အရမ်းအရွဲ့တိုက်ချင်လာတယ်။ ဦးနှောက်ထဲမှာ သွေးကြောတွေဘာတွေ တစ်ခုခု ဖြစ်ကုန်လို့ အမေ့စိတ်တွေ စရိုက်တွေ ဒီလိုဖြစ်ရတာလားလို့။ ဘယ်လိုလုပ်ပေးရမလဲဆရာ။

    ReplyDelete
    Replies
    1. ကျနော့်အမြင်အရတော့ Stroke ဆိုတာထက်စာရင် လူကြီးတွေ အသက်ကြီးလို့ဖြစ်လာတဲ့ Depression လို့ထင်မိပါတယ်။ Stroke လို့မထင်ရတဲ့အကြောင်းကတော့ အကို့အမေပာာ နားထဲမှာ အသံကြားတာကလွဲပြီး တခြားကိုယ်လက်မလှုပ်ရှားနိုင်တာ၊ အမြင်အာရုံချို့ယွင်းသွားတာ၊ ခေါင်းအရမ်းမူးပြီး တချိန်လုံးအန်နေတာ၊ ခန္ဒာကိုယ်ကို လမ်းလျှောက်ရင် မထိန်းနိုင်တာ၊ သတိလစ်သွားတာမျိုးတွေ မရှိတဲ့အတွက် Stroke ကြောင့်လို့မထင်တာဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ပြောင်းပြီး အားလုံးကို အဆိုးမြင်လာတာတွေပာာ စိတ်ကျရောဂါ (depression) ရဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါပေမယ့်လည်း လုံးဝသံသယရှင်းသွားအောင်ဆိုရင် ဦးခေါင်းကို ကွန်ပျူတာဓါတ်မှန်ရိုက်ကြည့်သင့်ပါတယ်။ အဲဒါဆိုရင် ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုသိနိုင်ပါတယ်။ Depression အပြင်တခြားဖြစ်နိုင်တာတွေကို ခွဲထုတ်ဖို့ဆိုရင်တော့ အကို့အမေရဲ့အသက်၊ သတိမေ့တာတွေ၊ တစ်ယောက်ထဲစကားပြောနေတာတွေ၊ အာရုံထွေပြားပြီး စိတ်နဲ့လူနဲ့မကပ်တဲ့အခြေအနေတွေ၊ လမ်းလျောက်တဲ့အနေအထားပုံမှန်ပာုတ်မပာုတ် စတာတွေကို သိချင်ပါတယ်။ အခုလောလောဆယ်တော့ ကျနော် Depression လို့ပဲ သုံးသပ်ထားပါတယ်။ Antidepressant ဖြစ်တဲ့ Fluxetine ကို တစ်နေ့ 40mg နေ့တိုင်းတိုက်ပေးပါ။ ဆေးအပြင် လုပ်သင့်တာတွေကတော့ သူ့ကို ဂရုစိုက်ပေးပါ။ လူကြီးတွေပာာ အသက်ကြီးလာတာနဲ့ သူတို့ကိုယ်သူတို့ အသုံးမ၀င်တော့ဘူးလို့ ထင်သွားတယ်။ အဲဒီနောက်မှာ ဘယ်သူမှ ဂရုမစိုက်တော့ဘူးလို့ထင်ပြီး အထီးကျန်တတ်ပါတယ်။ အဲဒီအချိန်မှာ အိမ်သားတွေက အဲဒါကိုနားလည်ပေးပြီး ဖေးမ ကူညီသင့်ပါတယ်။ အိမ်သားတွေရဲ့ နားလည်ဖေးမပေးမှုက အများကြီး အရေးပါပါတယ်ခင်ဗျာ။

      Delete
  8. မင်္ဂလာပါ...ဆရာ
    The Voice မှာပါတဲ့ဆေးပညာအကြောင်းအရာကို ကျွန်တော်လည်း ဖတ်ခဲ့ရပါတယ်။ဆရာရှင်းပြသွားတာ မျှတပြီး လက်ခံနိုင်ပါတယ်ဆရာ။ ဒါပေမယ့်ဆရာ.. တချို့တချို့သော(အထူးကုဆေးရုံ၊ ဆေးခန်းများမဟုတ်သော)ပြည်သူ့ဆေးရုံတွေမှာ ငွေ
    များများပေးနိုင်မှ သဘောကောင်းကြတာပါ ဆရာ။ အကုန်လုံးကိုမဆိုလိုပါဘူး။ဒါပေမယ့် တော်တော်များပါတယ်ဆရာ။ကျွန်တော်
    အသက် 30 ရှိပါပြီင်္။ ကျွန်တော်ဆေးပညာနဲ့ပတ်သတ်လို့တော့ ရင်းနှီးမှုမရှိပါဘူး။ နားလည်းမလည်ပါဘူး။ဒါပေမယ့်ဖြစ်သင့်ဖြစ်ထိုက်
    တာတော့ ကျွန်တော် နားလည်းပါတယ်။( ပြည်သူ့ဆေးရုံတွေမှာ သက်ဆိုင်ရာ ဆေးရုံးအုပ်ကြီး၊ တာဝန်ကျဆရာဝန်၊ သူနာပြုတွေကိုပေးနိုင်ကျွေးနိုင်တဲ့သူတွေက ပိုပြီးတော့ဂရုစိုက်တာခံရပါတယ် ဆရာ။)ခုကျွန်တော်ပြောချင်တာက ဆရာဝန်/ဆရာမ
    တွေရဲ့ သတိချွတ်ယွင်းမှုပြောမလား၊ ပေါ့ဆမှုပြောမလားတော့ မသိဘူးဗျာ။ အဲ့ဒါက လူတယောက်ရဲ့ဘ၀ နဲ့ အဲ့မိသားစုတခုလုံး
    ဇော်ထိုးမိုးမျှော်ဖြစ်သွားနိုင်တဲ့ဆိုတာတော့ ဆရာလက်ခံနိုင်မယ်ထင်ပါတယ်။ ကျွန်တော့် မိသားစု အကြောင်းလေးပြောချင်ပါတယ် ဆရာ...။ ကျွန်တော်မှ ညီတစ်ယောက်ရှိတယ်ဆရာ။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဘောလုံးကန်ပြီး ပြန်အလာ ခေါင်းကနေရေလောင်းချိုးတယ်။ အဲ..တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ..ဘောလုံးကန်ရာကနေပြန်လာတဲ့လမ်းမှာ နတ်ကနားရှိတော့ နည်းနည်းလည်းမူးနေတယ်ဆရာ
    အဲ့နတ်ကနားမှာ နတ်ကနေတဲ့သူကိုဆဲခဲ့တယ်ပေါ့ဆရာရေ..။ အိမ်ရောက် ရေချိုးပြီး ပုံမှန်ပါပဲ ထမင်းစားတယ်၊ တီဗွီကြည့်တယ်
    ည အိပ်ချိန်ရောက်တော့အိပ်တယ်ပေါ့ဗျာ... ည 1နာရီလောက်မှာ ဇာတ်လမ်းက စတယ်ဆရာ။ ဒီကောင် ကိုယ်တွေအရမ်းပူလာတယ်၊ နောက်ဂယောင်ချောက်ချားတွေဖြစ်လာတယ်။ ဒါနဲ့ အနီးဆုံးဆေးရုံ(အိမ်နဲ့ တခေါ်စာသာဝေးပါသည်)
    ကိုပို့တယ်၊ ဆရာဝန်တွေ လုပ်ရိုးလုပ်စဉ်တွေလုပ်တယ်ပေါ့ဗျာ။ အရင်ဆုံးစမေးတာက ``ဒီကောင် ဆေးသုံးသလား´´တဲ့။ ကျွန်တော်တို့ကလည်း မသုံးတဲ့အကြောင်းပြောတာပေါ့ဗျာ။အဲ့တညလုံး ဒီကောင်မသက်သာပါဘူး။ လူးလိမ့်အော်ဟစ်နေတာ။နောက်တနေ့မနက် ရောက်တော့ သွေးထပ်စစ်တယ်ဆရာရေ...စစ်ပြီး ငှက်ဖျားလို့ပြောတယ်။ ဒါနဲ့ ငှက်ဖျားဆေးတွေ သွင်းပေါ့ဗျာ။ ဒါလည်း မသက်သာဘူး အရင်တိုင်းပဲ..နောက်တရက်ထပ်ကူးတယ်ဆရာ..လူနာက တော်တော်စိုးရိမ်ရတဲ့အနေထားရောက်လာပြီ။ ငှက်ဖျားဆေးကတော့သွင်းတုန်းပဲ..။ နောက်ဆုံး ဆရာဝန်မကြီးက ဒီမှာမရတော့ဘူး၊ ရန်ကုန်ဆေးရုံကြီးသွားပါတဲ့။ ဟုတ်ကဲ့..ကျွန်တော်တို့ အချိန်မဆိုင်းပဲချက်ချင်း သွားကြပါတယ်။ ရန်ကုန်ရောက်တယ်..ကျွန်တော်တို့မြို့က လွှဲလိုက်တဲ့စာရွက်စာတမ်းတွေကြည့်ပြီး အဲ့ကဆရာတွေကလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်တွေလုပ်ပြီး ငှက်ဖျားဆေးပဲ ထပ်သွင်းတယ်
    ရန်ကုန်ဆေးရုံရောက်ပြီး 2 ရှိတဲ့အချိန်ထိဘယ်လိုမှထူးမလာဘူး....။ဒါနဲ့နောက်ဆုံး နည်းမျိုးစုံနဲ့ထပ်စစ်တယ်ဆရာ...
    အဖြေထွက်လာတော့..``ငှက်ဖျားမဟုတ်ဘူး´´တဲ့။ ရိုးရိုးအပူရှပ်ပြီး ဂယောင်ချောက်ချားဖြစ်တာကို ပထမဆုံးဆေးရုံက ငှက်ဖျားဆေးတွေသွင်းခဲ့တယ်၊ ရန်ကုန်ဆေးရုံးကလည်း ဆေးစာတွေကြည့်ပြီး ငှက်ဖျားဆေးထပ်သွင်းတယ်။ ဆေးရုံကနေ အသက်ရှင်ရက်ပြန်လာနိုင်အောင် ကျွန်တော်တို့တော်တော်ကြိုးစားခဲ့ရတယ်ဆရာ..ဆေးရုံကဆင်းတဲ့အချိန်ကနေစပြီး ကျွန်တော့
    ညီလေးဟာခုထိ လုံးဝပုံမှန်မဟုတ်တော့ဘူးဖြစ်သွားတယ်..ပြီးခဲ့တဲ့ 2နှစ်ကျော်လောက်ထိ သူ့အ၀တ်အစားတောင်သူမ၀တ်တတ်တော့ဘူး၊ အရာအားလုံးကိုမေ့သွားတယ်ဆရာ။ ကျွန်တော်တို့နောက်ဆုံးသိရတာက ``အယ်ဇိုင်းမား´´လို့သိရပါတယ်။လက်ရှိအချိန်ထိ ဆေးတွေကိုသူမသိအောင်ထမင်းထဲမှာနယ်ပြီးကျွေးနေရတယ်။လစဉ် တလစာဆေးတွေကို ရွှေဘုံသာလမ်းက ဦးနှောက်နဲ့အာရုံကြောသမားတော်ကြီးတဦးဆီမှာ သွားယူနေရပါတယ်ဆရာ..။
    ကြာခဲ့ပါပြီ..အဟောင်းတွေအသစ်ဖြစ်ချင်လို့ပြောနေတာမဟုတ်ပါဘူးဆရာ။ လူနာရှင်တွေမှာလည်း ကုသသူတွေရဲ့ Errorsတွေ
    ကြောင့် မဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေး တင်ပြချင်ရုံပါ။ဘယ်သူမှ မထိခိုက်စေလိုတဲ့ဆန္ဒကြောင့် အမည်တွေ
    နေရပ်၊ဆေးရုံ၊ကုသသူတွေကို မဖော်ပြတော့ပါဘူးဆရာ....ကျေးဇူးတင်ပါတယ်..ဆရာ။(ကျွန်တော့်အိမ်ကနေ ရန်ကုန်ဆေးရုံထိကားမောင်းရင် မိနစ် 50 လောက်ပဲကြာပါတယ်ဆရာ)။။

    ReplyDelete
    Replies
    1. အကိုခင်ဗျား။ အဲဒီအဖြစ်အပျက်ဖြစ်တုန်းက အခြေအနေတွေကို ကျနော်လည်း သေချာမသိတဲ့အတွက် ကုသမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျနော်ဘာမှ မှတ်ချက်မပေးလိုပါဘူး။ ကျနော်ပြောချင်တာက ဆရာဝန်တွေနဲ့ပတ်သက်တဲ့သဘောထားအမြင်ပိုင်းပါ။ အကိုပြောတဲ့အချက်ကို ကျနော်အများကြီးလက်ခံပါတယ်။ အစိုးရဆေးရုံတွေပာာ ဆက်ဆံရေးအင်မတန်ညံ့ဖျင်းပါတယ်။ အကုန်လုံးကို ကြောက်နေရတဲ့အဖြစ်ပါ။ ဆရာဝန်ပောာက်လည်း ခံရ၊ သူနာပြုပောာက်လည်းခံရ၊ နောက်ဆုံး အောက်ခြေ၀န်ထမ်းတွေ၊ အပေါက်စောင့်တွေ ပောာက်တာတောင်မှ ခံရတဲ့ အဖြစ်တွေပါ။ အဲလိုအပောာက်ခံရလို့ လုံးဝပိုက်ဆံမကုန်ဘူးလားဆိုတော့လည်း မပာုတ်ပြန်ဘူး။ ပိုက်ဆံကလည်း ကုန်ပါတယ်။ အဲတော့ လူအများစုပာာ အစိုးရဆေးရုံတွေကို မကောင်းမြင်လာတာပါ။ အများကြီးသဘာဝကျပါတယ်။ ဒါပေမယ့် ကျနော်တို့ အခြားတစ်ဖက်က ကြည့်ကြည့်ရအောင်ပါ။ ဆရာဝန်ကြီးတွေ၊ ဆရာဝန်ငယ်တွေပာာ အစိုးရဆေးရုံမှာလုပ်ရင် တစ်လကို ဆရာဝန်ပါမောက္ခမှ ၁၅၀၀၀၀ ကျော်ကျော်လေးရတာပါ။ ဆရာဝန်ငယ်တွေဆိုရင်တော့ ၁၀၀၀၀၀ တောင်အနိုင်နိုင်ပါ။ ဆရာဝန်ကြီးတစ်ယောက်ပာာ ဒီအဆင့်ကိုရောက်ဖို့ဆိုရင် အနည်းဆုံး ၁၀နှစ် ၁၅နှစ် အချိန်ပေးရပါတယ်။ လေ့လာရပါတယ်။ ဆရာဝန်ငယ်ဆိုရင်တော့ အနည်းဆုံး ၆နှစ်ပါ။ သင်ထားတဲ့အချိန်နဲ့ ရတဲ့လခနဲ့ကတော့ တော်တော်လေးကို မကိုက်တာပါ။ အဲဒီတော့ တချို့တွေမှာ ဒီအစိုးရဆေးရုံမှာလုပ်ရတာကို ၀တ်ကျေတန်းကျေ သဘောမျိုးတွေရှိလာပါတယ်။ အဲဒီအတွက် လူနာကို သပောာက်သပာမ်းတွေရှိလာပါတယ်။ ဒါပေမယ့် ဒါကိုကျနော်အမှန်လို့ပြောနေတာမပာုတ်ပါဘူး။ မိမိစိတ်ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ လူနာအပေါ်ကို ဘယ်တော့မှ မပုံချရပါဘူး။ ဒီလိုမျိုးသပောာက်သပာမ်းလုပ်တာတွေပာာ ဆရာဝန်တွေရဲ့အပြစ်ပါ၊ မှားနေတာပါ။ ကျနော်ဒါကိုပြောတာက ဆရာဝန်တွေဘက်ကနေပြီး ရှေ့နေလိုက်တာမပာုတ်ပါဘူး။ သူတို့ရဲ့ဘ၀တွေကို နည်းနည်းနားလည်ပေးစေချင်လို့ပါ။ ပေးမှ ကျွေးမှ ပိုဂရုစိုက်တယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မပေးမကျွေးတဲ့သူကို လုံးဝပစ်ပယ်ထားသလားဆိုရင်တော့ မပာုတ်ပါဘူး။ ဆေးရုံကလူတွေအားလုံးပာာ ကိုယ့်အပေါ်ကို သိတတ်တဲ့သူဆိုရင် ပိုပြီး ဂရုစိုက်တာဖြစ်နိုင်ပေမယ့် လိုအပ်တဲ့ ကုသမှုတွေ အကုန်လုံးကိုတော့ အားလုံးကို တန်းတူ ရအောင်လုပ်ပေးပါတယ်။ ကျနော်ဥပမာ တစ်ခုလောက်ပေးချင်ပါတယ်။ ကျနော်က ညဘက်တာဝန်ကျနေတဲ့ဆရာဝန်ဆိုကြပါစို့ လူနာတစ်ယောက်က ကျနော့်အတွက်ဆိုပြီး အအေးဘူးတွေလာပေးတယ်ဆိုရင် ကျနော့်ဘက်က အဲဒီလူနာရဲ့ သိတတ်မှုကြောင့်ရော၊ သူ့ကိုအားနာမှုကြောင့်ပါ ပုံမှန်အားလုံးကို တစ်နာရီခြားတစ်ခါ စစ်ဆေးပေမယ့် ဒီလူနာကို နာရီဝက်တစ်ခါ သွားစစ်ဆေးပေးမိရင်လည်းမိမှာပါ။ ကျနော်ထောက်ပြချင်တာက ပေးကမ်းကျွေးမွေးတဲ့သူကို ပိုဂရုစိုက်တယ်ဆိုတာဖြစ်နိုင်ပေမယ့် ကျန်တဲ့သူတွေကိုလည်း မလစ်ပာင်းရအောင် လုပ်ပေးပါတယ်။ ဆရာဝန်တွေတောင် ဒီလိုမျိုးဖြစ်တတ်တယ်ဆိုရင် သူနာပြုတွေ၊ အလုပ်သမားတွေဆိုရင် ပိုပြီးတောင်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ကျနော်က ဒီကိစ္စပာာ မှန်တယ်လို့မပြောပါဘူး။ ဖြစ်တတ်တဲ့လူ့သဘောကို ပြောပြတာပါ။ များသောအားဖြင့်တော့ ဆရာဝန်တွေဘက်ကတော့ လက်ဆောင်လာပေးရင် ငြင်းတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုမျိုးတစ်ခြားလူနာတွေဘက်က အထင်အမြင်လွဲပြီး သူတို့ကို သိပ်ဂရုမစိုက်ဘူးထင်မှာစိုးလို့ပါ။ ကျနော်တို့ကိုယ်တိုင်လည်း အဲလိုမျိုးညဘက် အစားအသော်၊ အအေးလာပေးရင် ငြင်းပါတယ်။ လူနာတွေအမြင်မှာ Bias ဖြစ်တယ်လို့ထင်သွားမှာကို အရမ်းစိုးပါတယ်။ အစိုးရဆေးရုံတွေမှာ ဆေးကုလည်း ပိုက်ဆံကုန်ရတဲ့အကြောင်းရင်းကတော့ ဆရာဝန်တွေ ငွေယူလို့မပာုတ်ပါဘူး။ ကျနော်တို့ ဆေးရုံတွေမှာကိုက ဆေးမရှိတာပါ။ အစိုးရရဲ့ ထောက်ပံ့နိုင်တဲ့ ပမာဏနည်းလွန်းတဲ့အခါကျတော့ ကျနော်တို့တွေပာာ ရတဲ့ဆေးတွေကို လုံးဝမရှိတဲ့လူနာ၊ လုံးဝမတတ်နိုင်တဲ့လူနာနဲ့၊ ပိုင်ရှင်မရှိတဲ့လူနာတွေကို ကုသပေးတဲ့နေရာမှာသုံးရပါတယ်။ ဒါကြောင့် ပိုက်ဆံတတ်နိုင်တဲ့လူနာလာတဲ့အခါမှာတော့ သူတို့သုံးမယ့်ဆေးကို သူတို့ကိုဝယ်ခိုင်းပြီးကုပေးရပါတယ်။ တချို့တွေက ဆေးရုံတွေမှာ ဆေးတွေလှူဒါန်းထားတာရှိရဲ့သားနဲ့ ဘာလို့ ဆေးဝယ်ပေးနေရတာလဲ ဆိုတာကို ရှင်းပြတာပါ။ အကို့ညီဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်အများကြီး ၀မ်းနည်းပါတယ်။ စာနာပါတယ်။ အကိုထင်သလို ဆေးရုံအမှား၊ ဆရာဝန်အမှားတွေကြောင့်လည်း ဖြစ်နိုင်သလို ရောဂါအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်ပြီးသွားပြီ။ ကျနော်လည်း အတိအကျမသိတဲ့အတွက် မှတ်ချက်မပေးတော့ပါဘူး။ ကျနော့်ဆောင်းပါးပာာ ကျနော်ဖြစ်စေချင်တာကို ကျနော်ထောက်ပြထားတာပါ။ မီဒီယာတွေပာာ ဆရာဝန်တွေမှားနေရင် သေချာမေးမြန်းပြီး ထောက်ပြပြောဆိုနိုင်ပါတယ်။ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်တွေအမှားမပာုတ်ဘဲ လူနာရဲ့ အထင်လွဲတာသက်သက်ပဲဆိုရင်တော့ မီဒီယာတွေအနေနဲ့ အဲဒီကိစ္စကို ပြန်လည်ဖြေရှင်းပေးသင့်ပါတယ်။ မပာုတ်ရင် နှစ်ဖက်လုံးပိုပြီး သံသယတွေကြီးထွားလာနိုင်တယ်ဆိုတာကို ပြောထားတာပါ။ ၀င်ရောက်ဆွေးနွေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

      Delete
    2. ဆရာ ရဲ့ ယူဆချက်ကို လေးစားပါတယ်... သမားဂုဏ်မစောင့်သော တချို့ သောဆရာဝန်များကြောင့်  စေတနာဆရာဝန်များအတွက် လူနာမှငွေညှစ်ခံနေရသော ဆရာဝန်များ ရှိလာနိုင်ပါတယ်....ပညာ နှင့်ပတ်သတ်ပြီး ဆရာဝန်နှင့် လူနာ ကြားဆုံးဖြတ်ပေးရသော ဆရာဝန်ကြီးများအနေဖြင့်လည်း ဘယာဂတိကို မကြောက်ပဲ မှန်မှန်ကန်ကန်ဆုံးဖြတ်ရန် အရေးကြီးပါသည်။ မိမိသမိုင်း ကို မိမိရေးသည်ကို သတိထားသင့်ပါသည်။
      တိုင်သောလူနာကျေနပ်ရင်ပြီးရော၊ ဂျာနယ်ထဲမှာ မိမိနံမည်မပါရင်ပြီးရောဟု ချမှတ်သော ဆုံးဖြတ်ချက်များကိုလည်း ကြားနေရပါသည်။ ပညာရှင်ဆိုသည်မှာ မှန်ကန်ရာကို မကြောက်မရွံ ဆုံးဖြတ်မှသာ တည်ကြည်ဖြောင့်မတ်သော သမားဂုဏ်နှင့် လိုက်ပါမည်။
      ဆရာဝန်များ အချင်းချင်း ကိုယ်တပ် ကိုပြန်နင်းခံရသောဆရာဝန်များရှိလာနိုင်ပါတယ်... သတိထားသင့်ပါတယ်...
      ကျမသည်ဆရာဝန်မဟုတ်သော်လည်း ယခုခောတ်ဆရာဝန်များသည် ကြိုးစားပြီး လူနာများကို 24နာရီစောင့်ရှောက်မှုပေးသည်ကို ကျမကိုယ်တိုင် မြောက်ဥကကလာဆေးရုံတွင် တွေ့ ခဲ့ ရပါသည်။
      ကောင်းသောပြောင်းလဲလာမှုကို လူနာများအနေဖြင့်လည်း နားလည်ပေးသင့်ပါသည်။ မမှားသော ရှေ့ နေ မသေသောဆေးသမားမရှိပါ။ ထိုနည်းတူစွာ လူသည်မွေးဖွားပြီးရင်သေရမည်မှာ အမှန်ပင်ဖြစ်ပါသည်။
      ဂျာနယ်များအနေဖြင့်လည်း ဖောင်ပြည့်ရင်ပြီးရော မိမိမကျွမ်းကျင်သော ပညာရပ်များ ကိုသတိထားစောင့်ထိမ်းသင့်သည်။

      Delete
  9. ဒေါက်တာခင်ဗျား


    ကျွန်တော်က အရင်က ဆေးလိပ်သောက်ပါတယ် ပြီးတော့ သလိပ်တွေကိုလည်း ညစ်ညစ် ထုတ်တတ်တဲ. အကျင့်ရှိပါတယ် အစတုန်းကတော့ မသိသာသေးပဲ ယခုနောက်ပိုင်းကျွန်တော် သလိပ်တွေကို ထုတ်တိုင်းသွေးပါနေတတ်ပါတယ်(တခါတလေ သွေစိမ်း၊ တခါတလေ ညိုမည်းမည်းသွေးများ) ချောင်းတော့မဆိုးပါ သူငယ်ချင်းတွေကတော့ ကျွန်တော်ကို ဆေးလိပ်သောက်လို.ဖြစ်တာဆိုပြီးဆေးလိပ်ဖြတ်ခိုင်းသောကြောင့် ဖြတ်လိုက်တာ အခုဆိုရင် ဆေးလိပ်ပြတ်တာ တပါတ်နီးပါရှိပါပြီ သလိပ်တွေထုတ်တိုင်း သွေးလည်းမပါတော့ပါဘူး ဒါပေမယ့် အဆုတ်က ကိုက်တာလိုလို အောင့်တာလိုလို ဖြစ်နေပါတယ် အဒါ အဆုတ်အနာလား ဆိုတာသိချင်ပါတယ် ဒါပေမယ့် အသက်ရှုခြင်း ကို အခုလောလောဆယ်တော့ မထိခိုက်သေးပါခင်ဗျာ လူကတော့ အကောင်းပတိအတိုင်း စားနိုင်သောက်နိုင် သွားနိုင်လှုပ်ရှားနှို်င်ပါတယ် အဒါကျွန်တော်ဘာဆက်လုပ်ရပါ့မလဲ ဘာဆေးသောက်ရမလဲ ဆိုတာ ကျေးဇူးပြု၍ လမ်းညွန်ဖြေကြားပေးပါရန်
    လေစားစွာဖြင့်

    ReplyDelete
    Replies
    1. အကို့ရောဂါအခြေအနေကို ဖြေပေးဖို့က အကို့ အသက်ရယ်၊ ဆေးလိပ်စသောက်တဲ့အရွယ်ရယ်၊ သောက်နေတာဘယ်လောက်ကြာပြီ၊ တစ်နေ့ကို ဘယ်နှစ်လိပ်လောက်သောက်လဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ သလိပ်ထဲမှာသွေးပါတာက ချောင်းဆိုးမှထွက်တာလား၊ ဒါမှမပာုတ် သလိပ်ခပ်လိုက်တာနဲ့ကို ပါနေတာလားဆိုတာသိချင်ပါတယ်။ တခြားအသက်ရှူတဲ့နေရာမှာ မဆိုးသေးဘူးဆိုတာကတော့ ကောင်းပါတယ်။ တခြားအနေနဲ့ ဖျားနာတာတွေ၊ အကျိတ်တွေကြီးလာတာတွေရှိလားဆိုတာသိချင်ပါတယ်။ လက်ရှိအခြေအနေအရ အဖြစ်နိုင်ဆုံးတစ်ခုကတော့ ဆေးလိပ်သောက်တာကြောင့် လေပြွန်တွေယောင်ယမ်းတာဖြစ်နိုင်ပါတယ်။ တကယ်လို့ အဲလိုလေပြွန်ရောင်ရမ်းတာဆိုရင်တော့ ပိုးသတ်ဆေးသောက်ရုံနဲ့တင်ဖြစ်ပါတယ်။ ဒါပေမယ့် တခြားအရေးကြီးတဲ့ ရောဂါတွေကို မလွတ်နိုင်အောင် အကောင်းဆုံးကတော့ Chest X-ray ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်ပါ။ အဆုတ်ရောဂါတွေကို သိရအောင်အကောင်းဆုံးဖြစ်ပါတယ်။ ဆေးလိပ်ကတော့ ဆက်မသောက်တာအကောင်းဆုံးပါ။ အခုဘာမှမဖြစ်သေးရင်တောင် နောက်ပိုင်းမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေအရမ်းများပါတယ်။ ပိုးသတ်ဆေးကတော့ Amoxicillin 250mg ကို တစ်နေ့သုံးကြိမ်၅ရက်လောက်သောက်ပေးပါ။ အကောင်းဆုံးကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်ပါခင်ဗျာ။

      Delete
  10. ဆရာရှင့်
    အကင်စားရင် ကင်ဆာဖြစ်တယ်ဆိုတာဟုတ်ပါသလား???

    ReplyDelete
    Replies
    1. အကင်စားတိုင်း ကင်ဆာဖြစ်တာတော့မပာုတ်ပါဘူး။ ကင်ဆာဖြစ်တယ်ဆိုတာက တူးနေအောင်ကင်ထားတဲ့ အကင်တွေမှာ ကပ်ပါနေတဲ့ မီးသွေးမှုန်တွေက အန္တရာယ်ပေးလို့ ကင်ဆာဖြစ်တာပါ။ အဲဒီမီးသွေးနဲ့ကင်တာတွေကို များများစားရင်တော့ ဖြစ်နိုင်ပါတယ်။

      Delete
  11. ဒေါက်တာခင်များ ကျွန်တော်က ထိုင်းမှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော် မျက်စိနှင့် ပတ်သက်ပြီး မေးချင်လို့ပါ။ကျွန်တော်မျက်လုံးထဲမှာ သဲမှုန်လောက် အမဲစက်လေး တွေ့နေရပါတယ်။ အဲဒါကို ဆရာဝန်ပြချင်ပေမယ့်။ အကြောင်းကြောင်းကြောင့် မပြဖြစ်ခဲ့ပါဘူး။ အဲဒါဟာ စိုးရိမ်ရပါသလား ဘယ်လို မျိုးကုသလျှင် ပျောက်ကင်းနိုင်ပါသလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါရန် မေတ္တာ ရပ်ခံပါသည်။ အီးမေးဖြင့် ပြန်ကြားလိုပါက mrhlaingminhtet@gmail.com ပါ ခင်မျာ

    ReplyDelete
    Replies
    1. ကျနော့်အနေနဲ့ အကို့မျက်စိကိုမမြင်ရတဲ့အတွက် ဘာလည်းဆိုတာကို ဖြေကြားရခက်နေပါတယ်။ ရောဂါကို မသိတော့ ဘယ်လိုအကြံပေးရမလဲဆိုတာပါ ခက်နေပါတယ်။ ဒီလိုမျိုး မေးခွန်းကို ကျနော့်ကို Q&A 2 မှာလည်းမေးမြန်းဖူးပါတယ်။ အကို့မျက်လုံးဆိုပေမယ့် ဘယ်နေရာမှာဖြစ်တာပါလဲ။ မျက်သားဖြူမှာလား၊ မျက်နက်ဝန်းမှာပါလား။ မျက်သားဖြူမှာဖြစ်နေတာဆိုရင်တော့ သိပ်ပြသနာမရှိပါဘူး။ မျက်လုံးမှာ ကသိကအောက်ဖြစ်နေတာ၊ မျက်ဝတ်တွေထွက်နေတာ၊ မျက်စိရောင်နေတာ၊ မျက်စိနာနေတာ၊ မျက်စိအမြင်အာရုံမှာ ပြသနာရှိနေတာမျိုးတွေဆိုရင်တော့ အန္တာရယ်ရှိပါတယ်။ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အဲလိုမျိုး အမည်းစက်လေးရှိနေတာကလွဲရင် ကျန်တဲ့ပြသနာဘာမှမရှိဘူးဆိုရင်တော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ နောက်တစ်ခုကတော့ အသက်အရွယ်နဲ့ တခြားရောဂါတွေရှိမရှိပါ။ အသက်လည်းငယ်မယ်၊ တခြားဘာရောဂါမှလည်းမရှိဘူး။ မျက်စိကို ထိမိခိုက်မိထားတာလည်း မရှိဘူးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ စိတ်ရှင်းသွားချင်ရင်တော့ Ciprofloxacin eyedrop မျက်စဉ်းကို တစ်နေ့ ၄ကြိမ် ၅ရက်လောက်ခပ်ပေးလိုက်ပါ။

      Delete
  12. ကျွန်တော်မျက်လုံး ၁ဖက်က စာဖတ်မရအောင် မှုန်ပါတယ်။ ကျန်တဲ့တစ်ဖက်က ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မျက်မှန်တပ်ဖို့ လိုမလားဆရာ။ တပ်ဖူးပေမယ့် မျက်မှန်မပါဘဲလဲ ကျန်တဲ့တစ်ဖက်ထဲနဲ့ ကောင်းကောင်းမြင်နေရတော့ မျက်မှန်ကြီး ရှုပ်တယ်ထင်ပြီး ဆက်မတပ်ဖြစ်တာပါ။
    လေဆာနဲ့ ခွဲရင် မျက်မှန်မလိုဘဲ မျက်စိပြန်ကောင်းတယ်ဆိုတာ ဟုတ်လားဆရာ။ ဟုတ်ရင် ကျွန်တော်တို့ သာမန်လူတန်းစားတွေ မလိုက်နိုင်တဲ့ဈေးများ ဖြစ်နေမလား၊ ဘယ်လောက်ကျမလဲခင်ဗျ။

    ReplyDelete
    Replies
    1. မျက်စိတစ်ဖက်တည်းမှုန်နေလည်း မျက်မှန်တပ်ရပါမယ်။ မျက်မှန်တပ်တဲ့အခါမှာ စမ်းသပ်ပြီးရင် လိုအပ်တဲ့ဘက်ကိုပဲ ပါဝါထည့်ပေးပါလိမ့်မယ်။ မျက်မှန်မတပ်ဘဲနေရင် ကြာရင် အဲဒီမှုန်နေတဲ့ဘက်က စွေသွားပြီး၊ နောက်ဆုံး အမြင်အာရုံကွယ်သွားနိုင်ပါတယ်။ လေဆာနဲ့ခွဲရင် မျက်စိပြန်ကောင်းနိုင်တယ်ဆိုတာမှန်ပါတယ်။ ဒီလိုမျိုး တစ်ဖက်တည်းဖြစ်နေတာမျိုးကြတော့ လေဆာနဲ့ဆို ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လေဆာက မျက်မှန်ပါဝါကို ဖျောက်ပေးပါတယ်။ ဈေးကတော့ ကျနော်လည်း အခုဈေးတော့ မသိတော့ပါဘူး။ အရင်ကတော့ တစ်ဖက်ကို ၉သိန်းလောက်ကျပါတယ်။ အခုတော့ ဈေးလျော့သွားလောက်ပြီလို့ ထင်ပါတယ်။

      Delete
  13. ဆရာ ကျွန်တော်နာမည် Ko Johnny လို့ခေါ်ပါတယ်။
    ကျွန်တေယ်ဟာ လွန်ခဲ့တဲ့ (5) နှစ်လောက်က အဆုတ်တီဘီဖြစ်ခဲ့ဖူးပါတယ်။ ဆရာဝန်နဲ့အသေအချာပြပြီး ဆေးလည်းကုခဲ့ပါတယ်။
    တီဘီဖြစ်ခဲ့ဖူးသူတစ်ယောက်ဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ရပါသလားခင်ဗျား။
    ကျေးဇူးပြုပြီး စာပြန်ပေးပါခင်ဗျား။ ကျေးဇူးတင်စွာဖြင့်

    ReplyDelete
    Replies
    1. တီဘီရောဂါဖြစ်ပြီးလို့ အသေအချာဆေးဝါးကုသမှုခံယူပြီးပြီဆိုရင် နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်လို့ရပါတယ်။ ဆေးကုပြီးတဲ့လူတစ်ယောက်မှာ တီဘီရောဂါပာာ အရှင်းပျောက်သွားတာမို့ သာမန်လူတစ်ယောက်ပါပဲ။ ဘာမှ အလုပ်သွားမလုပ်နိုင်စရာ အကြောင်းမရှိပါဘူးခင်ဗျာ။

      Delete
    2. ဆရာဝန်ဆီက အဆုတ်တီဘီဟာ NON INFECTIVE, ACTIVE မဟုတ်တော့ဘူး။ fully treated ဆိုတဲ့ အကြောင်းတော့ ထောက်ခံစာ တောင်းထားပါ။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ CXR ရောပေါ့။ တခါတလေ လေယဉ်ကွင်းမှာ Asian မို.လို. CXR ရိုက်ခံရပြီး အဆုတ်မှာ အရင်က တီဘီကြောင့် shadow/scar tissue (အနာရွတ် ဖြစ်ကျန်နေရင်) ပြဿနာ ဖြစ်တတ်ပါတယ်။
      သြစတြေးလျဆိုရင် စာရွက် စာတမ်း သက်သေ (ဆရာဝန် လက်မှတ်) ပါ တောင်းတယ်လို ကြားဖူးပါတယ်။

      Delete
  14. ဆရာ စကီဇိုဖရီးနီးယားေ၇ာဂါက မျိုးရိုးလိုက်တတ်တယ်ဆိုတာ ဟုတ်ပါသလား
    ကျွန်တော့်အစ်ကိုက ဒီရောဂါသည်ပါ။ မိသားစုမျိုးရိုးကို ပြန်ကြည့်တော့ မျိုးရိုးထဲမှာလဲ ဒီလိုမျိုး ဝေဒနာရှင် ရှိနေတယ်။ ဒီရောဂါက ကလေးဘ၀မှာ ရှိမှန်းမသိရသေးဘဲ အရွယ်ရောက်မှ လက္ခဏာပြတာလို့ သိရတော့ အရွယ်မရောက်သေးတဲ့ ကျွန်တော့်တူလေးတူမလေးေ တွအတွက် စိတ်ပူမိတယ်။ သူတို့ ကြီးလာရင် ဒီရောဂါ မဖြစ်အောင် ကြိုကာကွယ်လို့ ရလားဆရာ။
    ကျွန်တော်တို့က လူလတ်တန်းစား မိသားစုပါ။ ဆင်းရဲလွန်းတာ၊ ချမ်းသာလွန်းတာလဲ မဟုတ်။ စိတ်ဖိစီးစရာလဲ ဒီလောက်များများ မရှိ- မေတ္တာလဲ မငတ်၊ ဘ၀တက်လမ်းအတွက် ပညာလဲ သင်နိုင်နေရက်သားနဲ့ အစ်ကို့မှာ ဒီရောဂါ ထဖြစ်လာတာ အကြောင်းရင်းကို ရှာမရ ဖြစ်နေတယ်။
    ကျွန်တော် အိမ်ထောင်ပြုရင်ကော သားသမီးမှာ ဒီလိုရောဂါ မျိုးရိုးပါလာနိုင်ပါသလား။ မျိုးရိုးလိုက်နိုင်တယ်ဆိုရင် ကျွန်တော် သားသမီး မယူဖို့ ဆုံးဖြတ်ထားလို့ပါ။
    အဖြေကို စောင့်မျှော်နေပါမယ်ဆရာခင်ဗျား

    ReplyDelete
    Replies
    1. အကို့အမေးကို ဒီအတိုင်းလွယ်လွယ်ဖြေရရင်တော့ ပာုတ်ပါတယ်။ Schizophrenia ပာာမျိုးရိုးလိုက်တတ်ပါတယ်။ ဒါပေမယ့် ကျနော်ထပ်ရှင်းပြချင်တာက မျိုးရိုးလိုက်တတ်တာမှန်ပါတယ်။ ဒါပေမယ့် မျိုးရိုးမရှိတဲ့သူတွေမှာလည်းပဲ ဖြစ်နိုင်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောရရင်တော့ မျိုးရိုးရှိရင် သာမန်လူတွေထက် ၁၀ရာခိုင်နှုန်းပိုပြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမွှာတွေမှာဖြစ်ရင်တော့ ၅၀ရာခိုင်နှုန်းထိဖြစ်နိုင်ပါတယ်။ ဒီရောဂါပာာ အရွယ်ရောက်ပြီးမှ ပေါ်တဲ့ရောဂါပါ။ ဒါပေမယ့် မျိုးရိုးရှိတဲ့လူတိုင်းမှာ ဖြစ်မယ်လို့တော့ မပာုတ်ပါဘူး။ ဒီရောဂါဖြစ်စေနိုင်တဲ့ဗီဇပါလာမှဖြစ်တာပါ။ လူတစ်ယောက်ရဲ့ ကံပေါ်မှာ အများကြီးမူတည်ပါတယ်။ ဗီဇကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ ဘယ်လိုမှတားလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်လာရင်တော့ မိသားစုရဲ့ဖေးမ အကူအညီပေးမှုက ပြန်ကောင်းဖို့အတွက် အများကြီး အထောက်အကူပေးပါတယ်။ မျိုးရိုးလိုက်လာနိုင်တာတော့ ပာုတ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ကံကြမ္မာပေါ်အများကြီးမူတည်ပါတယ်။ အကို့အကိုမှာ ဒီရောဂါဖြစ်ပေမယ့် အကို့ဆီမှာ ဖြစ်ချင်မှလည်း ဖြစ်မှာလေ။ လုံးဝဖြစ်နိုင်တာမပာုတ်ဘဲ ဖြစ်နိုင်ချေရှိတာပဲဖြစ်ပါတယ်။ ဒီရောဂါကို သေသေချာချာကုသပေးရင်၊ ၀ိုင်းဝန်းကူညီပေးရင် ပြန်ပျောက်နိုင်ပါတယ်ခင်ဗျာ။

      Delete
  15. ဆရာ
    ကျွန်တော်နှုတ်ခမ်း ဘေးထောင့်စွန်းလေးနှစ်ဘက်မှာ အဖြူဖုသေးသေးလေးတွေပေါ်နပါတယ်ဆရာ။ ပါးစောင်နှစ်ဘက်မှာလည်း ပေါ်နေတယ်ဆရာ။ ဖြစ်တာကတော့ တစ်နှစ်လောက်ရှိပါပြီ။ နာခြင်း၊ ကိုက်ခြင်းလည်းမရှိပါဘူး။ ထမင်းစားရင်လည်း အနှောက်အယှက်မဖြစ်ပါဘူး။ ကျေးဇူးပြုပြီး ဘာဆေးသောက်ရမလဲဆိုတာ ပြန်လည်ဖြေကြားစေလိုပါတယ်။
    PS . ကျွန်တော်အသက်ကတော့ 35 နှစ်ရှိပါပြီ။ ကျေးဇူးတင်စွာဖြင့်။

    ReplyDelete
    Replies
    1. အကို့အသက်က ၃၅နှစ်ဆိုတော့ ၀က်ခြံတော့မဖြစ်နိုင်လောက်တော့ဘူးလို့ထင်ပါတယ်။ အဲဒါဆိုရင် ဖြစ်နိုင်တာ နှစ်မျိုးဖြစ်နိုင်တယ်ဗျ။ တစ်ခုက ဗိုက်တာမင်ချို့တဲ့တာ ဖြစ်နိုင်သလို နောက်တစ်ခုက ပိုးဝင်တာဖြစ်နိုင်ပါတယ်။ အဲဒီတော့ အဲဒီနှစ်ခုလုံးကို ကုသလို့ရအောင် ကျနော်ဆေးပေးလိုက်ပါမယ်။
      သောက်ဆေးအနေနဲ့ကတော့ Vitamin A, Vitamin E, Vitamin B2 တို့ကို တစ်နေ့နှစ်ကြိမ် သောက်ပေးပါ။
      လိမ်းဆေးအနေနဲ့ Acyclovir လိမ်းဆေးကို ဖြစ်တဲ့နေရာတွေမှာ တစ်နေ့သုံးကြိမ် လိမ်းပေးကြည့်ပါ။ သောက်ဆေးတွေကတော့ ပြသာနာမရှိပါဘူး။ လိမ်းဆေးလိမ်းလို့ ပိုဆိုးလာတာတွေရှိနေရင်တော့ ထပ်မလိမ်းပါနဲ့။ တကယ်လို့ ကျနော်ပေးတဲ့ဆေးတွေနဲ့ အကို့အဖုလေးတွေ မသက်သာလာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်ခင်ဗျာ။

      Delete
    2. ဆရာ ခင်ဗျာ
      ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။ ပါးစောင်နှစ်ဘက်မှာ အဖုသေးသေးလေးတွေပေါက်တယ်ဆိုတာက ပါးစပ် အတွင်းပိုင်းမှာပေါက်တာပါ။ ဆရာပြောတဲ့လိမ်းဆေးက ပါးစပ်အတွင်းပိုင်းရော လိမ်းလို့ရပါသလားခင်ဗျား။ ကျေးဇူးတင်စွာဖြင့် ထပ်မံဖြေကြားပေးစေလိုပါတယ်။

      Delete
    3. ကျနော်က အပြင်မှာဖြစ်နေတယ်ထင်လို့ ရေယုန်လို့ထင်တာကြောင့် အဲဒီဆေးကိုပေးလိုက်တာပါ။ အတွင်းမှာ ဖြစ်နေတာဆိုရင်တော့ ရေယုန်မပာုတ်လောက်တော့ပါဘူး။ အပြင်မှာဖြစ်နေတဲ့ အဖုလေးတွေကိုတော့ လိမ်းကြည့်စေချင်ပါတယ်။ တချို့လူတွေမှာ ဒီအတိုင်းဘာမှ အနှောက်အယှက်မပေးတဲ့ အသားပိုလိုမျိုးအဖုလေးတွေပါးစပ်ထဲမှာ ဖြစ်တတ်ပါတယ်။ အကို့အတွက် ဘာမှ အနှောက်အယှက်မဖြစ်ဘူးဆိုရင်တော့ ဘာကုသမှုမှခံယူစရာမလိုပါဘူး။

      Delete
  16. ဆရာရှင့်
    ကျမက NGO တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ Remote area များသို့ လစဉ် သွားရောက်ရသူ ဖြစ်ပါတယ်။ အခုလိုမိုးရာသီမှာ ခရီးထွက်ရင်း မကြာခဏအအေးမိပြီး ဖျားတတ်ပါသည်။ ယခုနောက်ပိုင်းမှာ အအေးမိပါက လည်ချောင်းအတွင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတွင် တင်းကြပ်နေပြီး ရင်ကြပ်နေသလို ခံစားရပါသည်။ ဆေးကုသမှု ချက်ခြင်းခံယူရပါက ၂-၃ ရက်အတွင်း နေကောင်းသွားပါသည်။ နောက်ဆုံးတစ်ခေါက်မှာတော့ ဆရာဝန်ပြသရန် အဆင်မပြေသည့်နေရာတွင် ရောက်ရှိနေတဲ့အတွက်၊ ရင်ဘတ်ထဲမှ တရွှီရွှီအသံကြားရမှ ဆေးခန်းကိုရောက်ပါတော့တယ်။ အဲလိုဖြစ်လေ့ရှိတဲ့အတွက် ကျမမှာ ရင်ကြပ်ရောဂါရှိနေတာလားဆရာ။ ပြီးခဲ့တဲ့အခေါက်ကလို ရင်ကြပ်တာမျိုး ထပ်မံ မဖြစ်အောင် ဘယ်လိုဆေးမျိုးကိုဆောင်ထားသင့်ပါသလဲ။ မည်သို့ သုံးစွဲသင့်သည်ဆိုတာ ဖြေကြားပေးစေလိုပါသည်ရှင့်။ ကျမ ခရီးသွားလာနေရင်း နေမကောင်း ဖြစ်မှာကို စိုးရိမ်ကြောင့်ကြ ဖြစ်နေပါသည်ရှင့်။

    ReplyDelete
    Replies
    1. အမရောဂါကို ကြည့်ရတာတော့ ရင်ကျပ်ရောဂါ (Asthma) နဲ့တော်တော်လေးကို ဆင်တူပါတယ်။ ဒီရင်ကျပ်ရောဂါက မျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပေမယ့် ဒီလိုမျိုးခဏခဏ အအေးမိတတ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အမက ခရီးထွက်နေရတဲ့သူဆိုတော့ ဖုန်တွေ၊ ဓါဓုပစ္စည်းအနံ့တွေ၊ ပန်းဝတ်မှုန်တွေ၊ တိရိစ္ဆာန်အမွေးတွေနဲ့လည်း ထိတွေ့နိုင်ချေပိုပြီးများပါတယ်။ အဲဒီအတွက် ရင်ကျပ်ဖြစ်နိုင်ချေပိုပြီးများပါတယ်။ ရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေအနေနဲ့ အသက်ရှူတဲ့အချိန်မှာ ရွှီရွှီမြည်မယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရကျပ်နေမယ်၊ ရင်ဘတ်နားမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေမယ်၊ ရင်ကျပ်တဲ့အချိန်တွေက ညဘက်နဲ့ အေးတဲ့အချိန်တွေမှာ ပိုပြီး ကျပ်တတ်ပါတယ်။ အဲဒါတွေရှိနေရင်တော့ ရင်ကျပ်ဖြစ်ဖို့များပါတယ်။ လုံးဝသေချာချင်ရင်တော့ စစ်ဆေးမှုတွေလုပ်ရပါတယ်။ ရင်ကျပ်ရောဂါရဲ့ အစကတော့ ကိုယ်နဲ့မတည့်တဲ့ အရာတွေကို ရှူမိ၊စားမိတာကနေပြီး စပါတယ်။ အဲဒီအတွက် ကိုယ်ဘာတွေနဲ့ တွေ့ရင် ကျပ်တတ်လဲဆိုတာကို သတိထားပြီး အဲဒီအရာတွေကို အဓိကရှောင်ပါ။ ရင်ကျပ်ရောဂါကဖြစ်လာလို့ ရှိရင် လုံးဝပျောက်ကင်းသွားအောင်တော့ ကုလို့မရပါဘူး။ ရောဂါမထအောင် ထိန်းထားလို့ပဲရပါတယ်။ ရင်ကျပ်ရောဂါကို ကုသတဲ့နေရာမှာ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသရပါတယ်။ အမရဲ့ တစ်ပတ်ကို ဘယ်နှစ်ကြိမ်ကျပ်တတ်လဲဆိုတာ၊ ညအိပ်ရင်း ကျပ်လို့ နိုးလာတဲ့အချိန်ရှိလားမရှိလားဆိုတာတွေနဲ့ တိုင်းတာပြီး ဆေးပေးရပါတယ်။ အဲဒါကို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ တစ်ခါတစ်လေမှ ကျပ်တတ်သူဆိုရင်တော့ အကောင်းဆုံးကတော့ သောက်ဆေးထက်စာရင် Inhaler (Salbutamol) ရှူဆေးကို ဆောင်ထားပါ။ ရင်ကျပ်လာတဲ့အချိန်တွေမှာ ရှူလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

      Delete
  17. ဆရာရှင့်
    ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ ပုံမှန်အခြေအနေမှာ ဆရာရှင်းပြသလို ရင်ကျပ်ရောဂါ လက္ခဏာများ ခံစားရခြင်း မရှိပါဘူးဆရာ။ အအေးမိပြီးနေမကောင်းသလိုဖြစ်လာမှသာ၊ လည်ချောင်းထဲမှာ တင်းကျပ်သလိုဖြစ်လာပြီးနောက် အသံသြလာ၊ ချောင်းဆိုးလာပါတယ်။ အဲဒီနောက် ရင်ဘတ်နားမှာ တင်း တင်းကျပ်ကျပ်ဖြစ်လာပြီး ကိုယ်ပူဖျားပါတယ်။ တရွှီရွှီအသံမည်လာတာတော့ တစ်ခေါက်ဘဲဖြစ်ဘူးပါတယ် ဆရာ။ ဆရာရှင်းပြသလိုပါဘဲ..ရွာတရွာမှာဖုန်ကို အ၀ရှုလိုက်ရတာကစပြီးနောက်ပိုင်း ဖုန်နဲ့ တွေ့ ရင် အဆက် မပြတ်နှာချေတော့တာပါဘဲ။ ယခင်ကထက်ပိုပြီး ဖုန်ကိုသတိထားပါမယ်ဆရာ။

    ReplyDelete
  18. ဆရာ။ ကျွန်တော် ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ မိဘများနဲ့ အတူနေရင်း စာကျက်လို့မရတဲ့ ရောဂါပြောမလား ပြဿနာပြောမလားမသိဘူးဆရာ ဖြစ်လာလို့ အခု မိဘနဲ့ခွဲပြီး တခြားမှာ ကျွန်တော့်ဟာကျွန်တော် ရပ်တည်ပါတယ်။
    ကျွန်တော့်အဖေနဲ့အမေက ကျွန်တော့်ကို ကလေးထဲက အိမ်ထဲကအိမ်ပြင်ထွက်တာ လုံးဝမကြိုက်ဘူး၊ အားမပေးဘူးဆရာ။ ကျွန်တော် ကြီးလာတော့ အဖေက ပင်စင်စား ဖြစ်နေပြီ။ တံခါးဝမှာ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ ထိုင်တယ်။ ကျွန်တော် အိမ်ထဲကထွက်ရင် မကြိုက်တဲ့မျက်နှာနဲ့ ကြည့်ပြီး ဘယ်လဲ၊ ဘာလုပ်မလို့လဲ အ၀ကနေ ဆီးမေးတယ်။ အမေကလဲ ခိုင်းစရာရှိရင် အဆင်သင့်ရှိအောင် အိမ်ထဲမှာပဲ နေခိုင်းတယ်။ သူငယ်ချင်းတွေ လာတွေ့ရင်လဲ ကျွန်တော်မရှိဘူးပဲ အမေက ပြောလွှတ်တယ်။

    ကျွန်တော် မူလတန်းကထဲက ပညာရည်ချွန်ဆုတွေ ပုံမှန်ရခဲ့ပါတယ်။ ဒါပေမယ့် ၁၀ တန်းရောက်လာတော့ စာ ဘယ်လိုမှ လွယ်လွယ်ကျက်လို့ မရတော့ဘူး။ စားပွဲမှာ ထိုင်နေလဲ စိတ်တွေက တခြားရောက်ရောက်နေတယ်။ မိဘတွေက အိမ်ထဲမှာပဲ အမြဲနေခိုင်းထားတော့ ပျင်းပျင်းရိရိနဲ့ ငုတ်တုတ်ထိုင်ထိုင်နေရင်း စိတ်ကူးတွေယဉ်တာ အကျင့်ရသွားတယ်ဆရာ။ နောက်တော့ စာကျက်ချိန်ဆိုလဲ စိတ်ကို စာထဲထားလို့ မရတော့ဘူး။ ၁၀ တန်း အောင်လာပေမယ့် အမှတ်ကလဲ မကောင်းတော့ဘူးဆရာ။ အခု မိတ်ဆွေတွေနဲ့တိုင်ပင်ပြီး မိဘနဲ့ ခွဲနေလိုက်တော့ စိတ်ဖိစီးမှုတွေတော့ လျော့သွားပါတယ်။ ကိုယ့်ဟာကိုယ် ရှာရဖွေရ၊ လောက်အောင်သုံးရတော့ အနေအစားဆင်းရဲပေမယ့် စိတ်ချမ်းသာတယ်။ ဒါပေမယ့် စာကျက်လို့ ပြန်မရသေးဘူးဆရာ။ ကျွန်တော် ပညာဆက်သင်ချင်ပါသေးတယ်။ စာပြန်ကျက်လို့ရအောင်၊ ငယ်ငယ်ကလို ပြန်ဖြစ်အောင် ဘယ်လိုလုပ်ယူရမလဲဆရာ။ ညူရိုဗီယမ် စားကြည့်တော့လဲ မထူးဘူး။ တရုတ်ကျောင်းသားတွေ စာကျက်နိုင်အောင် သုံးတဲ့ဆေးဆိုတာ ကျွန်တော် သုံးကြည့်ချင်တာ ဈေးက ကြီးနေတယ်။

    ဘယ်လိုလုပ်ရမလဲ၊ ဘာဆေးတွေ သောက်ရမလဲဆိုတာ နည်းလမ်းပြသပေးစေချင်ပါတယ်ခင်ဗျား။
    ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
    Replies
    1. ကျနော့်ဘလော့ထဲမှာ Comment တချို့ပာာ Spam box ထဲကို အလိုအလျှောက်ဝင်သွားပါတယ်။ အဲဒီထဲမှာ အခုမေးထာတဲ့မေးခွန်းကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျနော့်ကို မေးတဲ့မေးခွန်းတွေကို ကျနော်ပြန်လည်ဖြေဆိုရာမှာ တစ်ရက်၊ အလွန်ဆုံးနှစ်ရက်သာ ယူလေ့ရှိပါတယ်။ အခုဒီမေးခွန်းကို မေးထားတာကြာပြီဖြစ်ပြီး ကျနော့် Spam box ထဲရောက်နေသောကြောင့် ကျနော်မတွေ့ဖြစ်နေရပါတယ်။ အများကြီး ၀မ်းနည်းပါတယ်ခင်ဗျာ။ ကျနော်မဖြေတာမပာုတ်ပါဘူး။ မတွေ့မိလို့ပါ။
      ညီလေးရဲ့ ပြသနာပာာ မိဘတွေရဲ့ ဖိနှိပ်မှုကြောင့် Attention deficit hyperactivity disorder (ADHD) လို့ခေါ်တဲ့ စိတ်အာရုံစူးစိုက်လို့မရတော့တဲ့ ပြသနာလို့မြင်ပါတယ်။ ADHD ရောဂါနဲ့ပတ်သက်ပြီးတော့ ဒီ Page ရဲ့အပေါ်ဆုံးမှာ ၂ယောက်မေးဖူးတာရှိပါတယ်။ တော်တော်လေးပြည့်စုံနေလို့ အပေါ်က Comment တွေပြန်ဖတ်ကြည့်လိုက်ပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျား။

      Delete
  19. ဆရာခင်ဗျား-- ညာဘက်သွားဖုံးတွေ အပေါ်ရောအောက်ရော ယောင်ပြီး နာနေတာ ၂ ရက်ရှိပါပြီ။ mouthwash ငုံလဲ ဆက်နာနေပါတယ်။ သွားတွေအတွင်းထဲကပါ နာနေပါတယ်။ ဘာလုပ်ရမလဲခင်ဗျား။
    ခုရက်ပိုင်း ၀မ်းလဲ တော်တော်ချုပ်တယ်။ အဲတာနဲ့ရော ဆိုင်ပါလားခင်ဗျား။

    ReplyDelete
    Replies
    1. သွားဖုံးရောင်တဲ့ပြသနာအတော်များများရဲ့ အဓိကတရားခံကတော့ သွားကြားထဲတွေ၊ သွားဖုံးတွေမှာ ကပ်ကျန်နေတဲ့ ပိုးမွှားတွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ မေးစရာရှိတာက သွားဖုံးတွေကရောင်ရုံတင်ရောင်နေတာလား၊ ဒါမှမပာုတ် သွေးထွက်နေလားဆိုတာပါ။ ရောင်နေတဲ့သွားဖုံးတွေမှာ သွားတိုက်တဲ့အချိန်သွေးထွက်တတ်ပေမယ့် ဘာမှထိခိုက်မှုမရှိဘဲ ဒီအတိုင်းနေရင်းသွေးထွက်နေတာ၊ သွေးထွက်ရင် မတိတ်တာတွေရှိနေရင်တော့ သွေးရောဂါတွေနဲ့ သက်ဆိုင်နေတတ်တဲ့အတွက်ကြောင့် သေချာဂရုစိုက်သင့်ပါတယ်။ အခုလောလောဆယ်မှာတော့ ကျနော့်အနေနဲ့ အဖြစ်များတဲ့ သွားဖုံးရောင်ရောဂါလို့ပဲ ယူဆထားလိုက်ပါတယ်။ ကုသမှုအနေနဲ့ကတော့ သွားဖုံးရောင်တာပာာ ဗီတာမင်ချို့တဲ့တဲ့ ရောဂါတွေမှာ ဖြစ်တတ်တာမို့ Vitamin C, Vitamin B complex ပါတဲ့အားဆေးတွေကို သောက်သုံးသင့်ပါတယ်။ သွားခံတွင်းသန့်ရှင်းရေးပာာ နောက်ထပ်မဖြစ်အောင်ကာကွယ်ရာမှာ အရေးပါတဲ့အတွက်ကြောင့် ဂရုစိုက်သင့်ပါတယ်။ တစ်နေ့သွားနှစ်ခါတိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုပ်ကျင်းပေးခြင်း၊ သွားကြားထဲမှ စားကျွင်းစားကျန်များကို သွားကြိုးအသုံးပြုပြီး ဖယ်ရှားခြင်း၊ ခံတွင်းသန့်ဆေးများသုံးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ သွားတိုက်တဲ့အခါမှာ ဖိပြီးတိုက်တာမျိုးကို ရှောင်ပြီး သွားတိုက်တံ အနုနဲ့ ခပ်ဖွဖွတိုက်ပေးပါ။ သောက်သုံးနေတဲ့ အချို့ဆေးဝါးတွေပာာ သွားဖုံးရောင်တာကို ဖြစ်စေတဲ့အတွက်ကြောင့် ဆေးသောက်နေတာတွေရှိရင် ဘာဆေးတွေသောက်သုံးနေရလဲဆိုတာ သိချင်ပါတယ်။ အများအားဖြင့် အဖြစ်များတဲ့ ဆေးတွေကတော့ Nifedipine, Phenytoin, Cyclosporin ဆေးများဖြစ်ပါတယ်။ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေရှိရင် ဖြတ်ထားရပါမယ်။ ဆားရည်နွေးနွေးနဲ့ ငုံပြီး ပလုပ်ကျင်းပါ။ အနာသက်သာအောင် Ibuprofen ပါတဲ့ဆေးတစ်မျိုးမျိုးကို သောက်ပါ။ ငုံလို့ရတဲ့ Ibuprofen ပါတဲ့ဆေးဆိုရင်တော့ ပိုကောင်းပါတယ်။ အဲလိုနည်းတွေကျင့်သုံးကြည့်လို့ သက်သာသွားတယ်ဆိုရင်တော့ ပိုးသတ်ဆေးမလိုပါဘူး။ တကယ်လို့ ဘယ်လိုမှမသက်သာဘူး၊ ပိုပိုပြီး ဆိုးလာနေတယ်ဆိုရင်တော့ သွားဆရာဝန်တစ်ယောက်နဲ့ ပြသတိုင်ပင်သင့်ပါတယ်ခင်ဗျာ။

      Delete
  20. ဆရာရှင့်။ ကျွန်မ ကွန်ပျူတာသုံးရင် မျက်စိကိုက်ကိုက်လာတယ်။ မျက်စိက အနီးရောအဝေးရော ကောင်းကောင်းမြင်ရပါတယ်။ မမှုန်လို့ မျက်မှန်လဲ မတပ်ရပါဘူး။ ဒါပေမယ့် မျက်စိကိုက်ကိုက်နေတာ ဘယ်လိုလုပ်ရမလဲရှင့်။
    ကျေးဇူးတင်ပါတယ်ဆရာ။

    ReplyDelete
    Replies
    1. ကွန်ပျူတာအသုံးပြုတဲ့သူတွေ ရှောင်ရန်ဆောင်ရန်တွေကို အရင်ကလည်း ကျနော့်ကို မေးခဲ့ကြဖူးတဲ့အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
      တစ်ခုရှိတာက ကိုယ့်အမြင်မှာ အဝေးရော အနီးပါ မြင်နေရတယ်လို့ထင်ပေမယ့် တကယ်တမ်းမှာ မျက်မှန်တပ်ဖို့ လိုအပ်နေတာမျိုးလည်း ရှိပါတယ်။ မျက်မှန်တပ်ဖို့လိုမလိုဆိုတာကိုတော့ မျက်စိဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
      ကွန်ပျူတာအသုံးပြုတဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
      ၁။ ကွန်ပျူတာကို ကြည့်တဲ့အခါမှာ ဖြစ်နိုင်သမျှမိမိရဲ့မျက်စိနဲ့ တစ်တန်းတည်းဖြစ်အောင်ထားကြည့်ပါ။
      ၂။ ကွန်ပျူတာကိုကြည့်ရင် ခန္ဒာကိုယ်ကို မတ်မတ်ထိုင်ပါ။ ကုန်းနေခြင်း၊ လန်နေခြင်းတို့ပာာ ကြာလာတဲ့အခါမှာ ဇက်ကြောတွေတက်လာသလိုဖြစ်လာပါလိမ့်မယ်။ အဲဒီထက်ပိုဆိုးလာရင် ဇက်နားတစ်ဝိုက်မှာ နာကျင်လာပါလိမ့်မယ်။
      ၃။ ကွန်ပျူတာကို အလင်းလျော့ပါ။ သိပ်လင်းလွန်းနေရင် မျက်စိကိုထိခိုက်စေပါတယ်။
      ၄။ ကွန်ပျူတာကို ၂ ၃နာရီ ဆက်တိုက်သုံးပြီးတိုင်း ခဏနားပါ။ အညောင်းပြေအညာပြေလှုပ်ရှားပါ။ မျက်စိကို မှိတ်ထားပြီးသော်လည်းကောင်း၊ ဝေးလံသောနေရာများ၊ အစိမ်းရောင်ရှိသော သစ်ပင်မြက်ပင် စတာတွေကို ကြည့်ပေးသင့်ပါတယ်။ အဲဒါတွေအတွက် ၁၅မိနစ်လောက်အချိန်ပေးပါ။ ပြီးမှပြန်သုံးပါ။ နောက်တစ်ခုက ကွန်ပျူတာနားမှာ သစ်ပင်အသေးစားလေးတွေထားလို့ရပါတယ်။ မျက်စိညောင်းလာရင် အဲဒီသစ်ပင်လေးတွေကိုကြည့်ပေးလို့ ရပါတယ်။ ပြီးတော့ အဲဒီသစ်ပင်လေးတွေက ကွန်ပျူတာကလာတဲ့ အလင်းတွေကိုစုပ်ယူပေးတယ်လို့ပြောပါတယ်။
      ဖြစ်သင့်တာကတော့ ကွန်ပျူတာအသုံးပြုတာကို နည်းနည်းလျော့သင့်ပါတယ်။
      ကွန်ပျူတာအသုံးများလို့ဖြစ်တာကိုတော့ ကျနော်ပြောထားတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်စဉ်းခပ်ချင်ရင်တော့ V-rhoto ဆိုတဲ့မျက်စဉ်းခပ်လို့ရပါတယ်။ ပိုးသတ်မျက်စဉ်းမပာုတ်ဘဲ မျက်စိကိုအေးစေပါတယ်။ အစားအသောက်အနေနဲ့ စိမ်းသောအရွက်၊ ၀ါသောအသီးတွေက မျက်စိအားကိုတိုးစေပါတယ်။ ဆေးအနေနဲ့ကတော့ ငါးကြီးဆီ၊ Vitamin A နှင့် မြင်းခွာရွက်ပါသောအားဆေးများသောက်လို့ရပါတယ်။
      ဘယ်အရွယ်မှာ မျက်စိထိခိုက်နိုင်လဲဆိုတာမျိုးကတော့ မသိနိုင်ပါဘူး။ မျက်လုံးမထိခိုက်အောင်တော့ အထက်ပါအချက်တွေနဲ့ ကာကွယ်နိုင်ပါတယ်။ ကျနော့်ကို ဒီမေးခွန်းမျိုး အမှတ်၁မှာ မေးဖူးလို့ အဆင်သင့်ပဲ ပြန်လည်ဖော်ပြလိုက်ပါတယ်ခင်ဗျား။

      Delete
  21. ကျေးဇူးပါ ဒေါက်တာ ။ ဒေါက်တာသည် ကျွန်တော်တို့အတွက် အားထားရသည့် ဒေါက်တာတစ်ယောက်ပါ။ ကျွန်တော်က ထိုင်းရောက်အလုပ်သမားဖြစ်ပြီး မျက်စိနှင့်ပတ်သက်ပြီး မေးခဲ့ဖူးပါတယ်။ ဒေါက်တာရဲ့ http://academicmedicines.blogspot.com/p/q_31.html#comment-form ကိုလည်း သူငယ်ချင်းတွေထံ လက်ဆင့်ကမ်းလိုက်ပါသည်။ ဒေါက်တာအတွက် အလုပ်များတာကိုလည်း မလိုလားပေမယ့် သိချင်သည်များရှိသဖြင့် ခွင့်လွတ်ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။ ကျွန်တော်မိန်းမသည် လွန်ခဲ့သည့် ၁၉.၁၂.၂၀၁၁ နေ့က ခွဲစိပ်ပြီး ကလေးမွေး ခဲ့ရပါသည် ယခုအခါ ချက်အောက် ညာဖက်မှ နာနေပါသည် နာသည့်အခါတွင် အော်ရသည်အထိ ဖြစ်နေပါသည် ဆေးရုံကို ပြသည့်အခါတွင် ဒေါက်တာမှ ကလေးချည်ရသောကြောင့် ဖြစ်သည်ဟု အကြောင်းပြပြီး လိမ်းဆေးပေးပါသည် သုံးရက်လောက်တော့သက်သာပြီး အသက်ရူလျှင်နာနေပါသည်။ မသက်သာသေးပါ။ဘယ်လိုများ ဖြစ်ပြီး ဘယ်လိုများ ကုသသင့်ပါသလဲ ဒေါက်တာ ကျေးဇူးပြုပြီး ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

    ReplyDelete
  22. ကျနော့် ဘလော့မှာ error တက်နေတယ်လို့ထင်ပါတယ်။ ကျနော့်မေးလ်ထဲကိုတော့ ဘလော့မှာ Comment ရှိနေတယ်လို့ပြပြီး ကျနော့်ဘလော့ပေါ်မှာမပေါ်ဘူးဖြစ်နေတယ်။ ကျနော်က comment moderation လည်းမလုပ်ထားပါဘူး။ မပေါ်စရာဘာအကြောင်းမှမရှိဘဲ မပေါ်ဖြစ်နေတာ ဒါနဲ့ဆိုရင် ၂ခါရှိနေပါပြီ။ အဲဒီအတွက် အဆင်မပြေဖြစ်တဲ့သူတွေကိုတောင်းပန်ပါတယ်။ ကျနော့်မေးလ်ထဲကနေပြီး ပြန်ကူးပြီးတင်ပေးလိုက်ပါတယ်။

    ReplyDelete
  23. ကျေးဇူးပါ ဒေါက်တာ ။ ဒေါက်တာသည် ကျွန်တော်တို့အတွက် အားထားရသည့် ဒေါက်တာတစ်ယောက်ပါ။ ကျွန်တော်က ထိုင်းရောက်အလုပ်သမားဖြစ်ပြီး မျက်စိနှင့်ပတ်သက်ပြီး မေးခဲ့ဖူးပါတယ်။ ဒေါက်တာရဲ့ http://academicmedicines.blogspot.com/p/q_31.html#comment-form ကိုလည်း သူငယ်ချင်းတွေထံ လက်ဆင့်ကမ်းလိုက်ပါသည်။ ဒေါက်တာအတွက် အလုပ်များတာကိုလည်း မလိုလားပေမယ့် သိချင်သည်များရှိသဖြင့် ခွင့်လွတ်ဖြေကြားပေးပါရန် တောင်းပန်အပ်ပါသည်။ ကျွန်တော်မိန်းမသည် လွန်ခဲ့သည့် ၁၉.၁၂.၂၀၁၁ နေ့က ခွဲစိပ်ပြီး ကလေးမွေး ခဲ့ရပါသည် ယခုအခါ ချက်အောက် ညာဖက်မှ နာနေပါသည် နာသည့်အခါတွင် အော်ရသည်အထိ ဖြစ်နေပါသည် ဆေးရုံကို ပြသည့်အခါတွင် ဒေါက်တာမှ ကလေးချည်ရသောကြောင့် ဖြစ်သည်ဟု အကြောင်းပြပြီး လိမ်းဆေးပေးပါသည် သုံးရက်လောက်တော့သက်သာပြီး အသက်ရူလျှင်နာနေပါသည်။ မသက်သာသေးပါ။ဘယ်လိုများ ဖြစ်ပြီး ဘယ်လိုများ ကုသသင့်ပါသလဲ ဒေါက်တာ ကျေးဇူးပြုပြီး ဖြေကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

    ReplyDelete
    Replies
    1. ပထမဆုံးပြောချင်တာကတော့ ကျနော့်ဘလော့အကြောင်းကို ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်အတွက် အနှောက်အယှက်မဖြစ်ပါဘူး။ ကျနော်တတ်နိုင်တဲ့ဘက်ကနေပြီး ကူညီခွင့်ရတဲ့အတွက် ကျေနပ်နေတာပါ။
      ကလေးမွေးပြီးတာအတော်ကြာနေပြီဆိုတော့ အနာကတော့ ကောင်းကောင်းကျက်ပြီးနေပြီလို့ထင်ပါတယ်။ ဒါပေမယ့်လည်း အနာကိုတော့ တစ်ချက်ကြည့်ကြည့်ပါဦး။ ရောင်ရမ်းနေတာ၊ ပြည်တည်နေတာတွေများရှိနေမလားလို့ပါ။ အခုထိလည်း ကလေးနို့်တိုက်နေမယ်လို့ထင်ပါတယ်။ ခွဲစိတ်ပြီး ကလေးမွေးခဲ့ရတာက အကိုတို့ခွဲချင်လို့ ခွဲမွေးရတာလား၊ ဒါမှမပာုတ် ရေမွှာပေါက်ပြီး ကလေးမထွက်နိုင်ဖြစ်လို့ ခွဲမွေးရတာပါလား။ ကျနော့်အမြင်ပြောရရင်တော့ ၂မျိုးဖြစ်နိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ခွဲစိတ်ပြီး ပြန်ချုပ်တဲ့အချိန်မှာ အာရုံကြောမျှင်တစ်ချောင်းပါသွားတာဖြစ်နိုင်ပါတယ်။ အဖြစ်တော့နည်းပါတယ်။ ဒါပေမယ့်လည်း ဖြစ်တော့ဖြစ်နိုင်သေးပါတယ်။ အဲလိုမျိုးဆိုရင်တော့ Gabapentin လိုမျိုးဆေးကို သောက်သုံးရပါတယ်။ နောက်တစ်ခုဖြစ်နိုင်တာက ခွဲစိတ်ထားတဲ့သူတွေမှာ သာမန်မွေးထားတဲ့သူတွေထက် Endomyometritis လို့ခေါ်တဲ့ သားအိမ်ရောင်တာ အဆ၂၀ပိုဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်ပြီဆိုရင်တော့ antibiotics ပိုးသတ်ဆေးတွေသုံးရပါတယ်။ ကျနော့်အနေနဲ့ကတော့ ကလေးနို့တိုက်နေတဲ့မိခင်တစ်ယောက်ကို အခြေအနေသေသေချာချာမသိဘဲ ဘာဆေးမှမတိုက်စေချင်ပါဘူး။ ကလေးကိုပါ ထိခိုက်နိုင်တဲ့ဆေးတွေဖြစ်နေမှာစိုးလို့ပါ။ အကို့အနေနဲ့ ဖြစ်သင့်တာကတော့ သားဖွားမီးယပ်ပါရဂူတစ်ယောက်နဲ့ သေချာပြသတိုင်ပင်သင့်ပါတယ်ခင်ဗျာ။

      Delete
  24. ကျွန်တော့်ပါးစပ်မှာ ရေယုန် တစ်နှစ်တစ်ခါလောက် ပုံမှန်ပေါက်နေလို့ပါဆရာ။ နောက်ပြန်မပေါက်အောင် ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါ။ ပေါက်ရင် တက်ထရာဆိုက်ကလင်းဆေးတောင့် လိမ်းပါတယ်။ ခုမှ တက်ထရာဆိုက်ကလင်းက ဆရာဝန်ကို မမေးဘဲ မသုံးသင့်ဘူးထင်လို့။ လိမ်းလို့ ရလားဆရာ။ ဒါမှမဟုတ် ဘယ်ဆေးသုံးရပါ့မလဲ။

    ReplyDelete
    Replies
    1. ရေယုန်ဆိုတဲ့ရောဂါပာာ ခန္ဒာကိုယ်ထဲဝင်ပြီးရင် ပြန်မပျောက်ဘဲဖြစ်တတ်ပါတယ်။ သူက ခန္ဒာကိုယ်ထဲမှာနေပြီး ကိုယ်ခံအားကောင်းနေတဲ့အချိန်မှာဆိုရင်တော့ ဘာမှမပြဘဲ ကိုယ်ခံအားကျတဲ့အချိန်တွေမှာဆိုရင် ပြန်ပြီးထကြွသောင်းကျန်းတာကြောင့် ခုလိုမျိုး ပြန်ပြန်ပေါက်နေတာပါ။ ရေယုန်ကို ကုသတဲ့အခါမှာ Tetracycline က effect မဖြစ်ပါဘူး။ ရေယုန်ပာာ Virus ကြောင့်ဖြစ်တာဆိုတော့ Tetracycline လိုမျိုး anti-bacteria ဆေးနဲ့မရပါဘူး။ Acyclovir လိမ်းဆေးကို ပြောင်းသုံးကြည့်ပါခင်ဗျာ။

      Delete
  25. ဒီဇင်ဘာ16 June 2012 15:58

    ဆရာရှင့်
    ကျမအသက်(37)နှစ်ပါ.၀န်ထမ်းတစ်ယောက်ပါ။ကျမကြောက်စရာတစ်ခုခုတွေ့ရင် ခေါင်းတွေအရမ်းကိုက်ပြီး၊ ရင်ထဲမှပျို့တက်ပြီးအန်ချင်လာပါတယ်။လက်တွေအရမ်းတုန်ပြီး ဟန်ဆောင်လို့တောင်မရတော့ပါဘူး။ အဲဒီလိုဖြစ်တာ 2လလောက်ရှိပြီဆရာ။ခေါင်းလဲခဏခဏမူးတယ်။ဘယ်လိုလုပ်ရမလဲ ဆရာကူညီပါအုန်း။

    ReplyDelete
    Replies
    1. ကြောက်စရာတစ်ခုခုတွေ့မှ ဖြစ်တာဆိုတော့ ကျနော်ထင်တာတော့ ၂မျိုးဖြစ်နိုင်ပါတယ်။ ပထမတစ်ခုက Anxiety disorder လို့ခေါ်တဲ့ ကြောက်စရာ၊ ထိတ်လန့်စရာတွေကို တွေ့ပြီး ကြောက်တာမျိုးကြောင့် ဖြစ်နိုင်သလို၊ နှလုံးအားနည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
      ပထမတစ်ခုဖြစ်တဲ့ Anxiety disorder ကတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ လူတိုင်းလူတိုင်းပာာ ထိတ်လန့်စရာကိစ္စတွေတွေ့တဲ့အခါမှာ ဒီလိုမျိုးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် အဲလိုမျိုးဖြစ်တာတွေပာာ ခဏပဲဖြစ်ပြီး နောက်ပိုင်းကျရင်တော့ ပျောက်သွားရပါမယ်။ ဒါပေမယ့် အဲလိုမျိုးမပျောက်ဘဲ စိတ်ထဲမှာ စွဲနေတာမျိုး၊ ညဘက်အိပ်မပျော်တာမျိုးတွေထိ ဖြစ်နေရင်တော့ ဆေးသောက်ရပါမယ်။ မိမိကိုယ်ကို အားပေးရပါမယ်။ တစ်ယောက်ထဲနေတာမျိုးကို ရှောင်ပြီး၊ သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ အားပေးကူညီမှုကို ခံယူရပါတယ်။ ညဘက်အိပ်မပျော်ရင် Diazepam ကိုသောက်လို့ရပါတယ်။ ဒါပေမယ့် ကာလကြာရှည် စွဲသောက်နေတာမျိုးကို ရှောင်ရပါမယ်။ စိတ်ဓါတ်ကျလာတာမျိုးထိဖြစ်လာရင်တော့ SSRI တစ်မျိုး ဖြစ်တဲ့ Fluxetine ကို သောက်သုံးလို့ရပါတယ်။ ကျနော်စိတ်ရောဂါဆေးတွေမှာ အများအားဖြင့်တော့ SSRI တွေကိုပဲညွှန်းလေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ SSRI တွေက တခြားဆေးတွေထက်စာရင် ပိုပြီး ဆိုးကျိုးနည်းလို့ပါ။
      နောက်တစ်ခုက အမအနေနဲ့ နှလုံးရောဂါတစ်ခုခုဖြစ်ဖူးခဲ့လား၊ ဒါမှမပာုတ် မွေးရာပါနှလုံးရောဂါတစ်ခုခုများရှိသလားဆိုတာ သိချင်ပါတယ်။ အားနည်းနေတာကြောင့်လားဆိုတာကို သေချာသိချင်ရင်တော့ သွေးစစ်ကြည့်သင့်ပါတယ်။ Blood for CP လို့ခေါ်တဲ့သွေးတစ်မျိုးစစ်ကြည့်လို့ရပါတယ်။ ရင်ခဏခဏ အရမ်းတုန်နေတာမျိုးရှိရင်တော့ ECG ဆွဲကြည့်သင့်ပါတယ်။ အခုလောလောဆယ်တော့ သွေးအားကောင်းစေတဲ့ အသား၊ ငါး၊ နို့၊ အသွေး၊ ဥ၊ အသည်း၊ အညိုရောင်ပာင်းသီးပာင်းရွက်တွေကို စားပေးပါ။ သံဓါတ်၊ Vitamin B complex ပါတဲ့အားဆေးမျိုးတွေကို သောက်ပေးပါခင်ဗျာ။

      Delete
  26. ဒေါက်တာခင်ဗျား-
    အသက် ၃၀ မတိုင်ခင် ဆံပင်တွေ ဖြူလာတာ ကုလို့ ရမလားခင်ဗျာ။ ကြာရင် တစ်ခေါင်းလုံး ဖွေးသွားနိုင်ပါသလား။ မျိုးရိုးထဲမှာလဲ ဒီလို ငယ်ငယ်နဲ့ ဆံပင်ဖြူတာ မရှိရင် ဘာလို့ ဖြစ်ရတာပါလဲခင်ဗျာ။

    ReplyDelete
    Replies
    1. ကျနော့်ပတ်ဝန်းကျင်မှာလည်း အသက်ငယ်ငယ်နဲ့ ဆံပင်တော်တော်ဖြူနေတဲ့သူတွေ တွေ့ဖူးပါတယ်။ အသက် ၃၀နားတောင်မပာုတ်ပါဘူး။ ကျနော်တို့ အထက်တန်းကျောင်းတက်နေတုန်းမှာတောင် ဆံပင်ဖြူတော်တော်များတဲ့သူတွေ တွေ့ဖူးပါတယ်။ အခုလို အသက်ကြီးမှ ဖြူလာတာဖြစ်တဲ့အတွက် မွေးရာပါ ဆံပင်ဖြူတဲ့ရောဂါမျိုးတော့ မပာုတ်ပါဘူး။ အသက်ကြီးလို့ ဆံပင်ဖြူလာတာပြီးရင် စိတ်ဖိအားများလို့ရယ်၊ ဦးနှောက်သုံးရတဲ့ အလုပ်များများလုပ်ရတာတွေရယ်ကြောင့် ဆံပင်ဖြူတာမြန်တယ်လို့တော့ ဖတ်ဖူးပါတယ်။ အကို့အနေနဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါ ဖြူလာတာ၊ အရေပြားရောဂါတစ်ခုခုဖြစ်နေတာ၊ တခြားပုံမှန်မပာုတ်တဲ့လက္ခဏာတွေ မရှိဘူးဆိုရင်တော့ ရောဂါတစ်မျိုးမျိုးကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ ဒီလိုမျိုးလူတွေမှာ တစ်ခေါင်းလုံး ဖွေးသွားအောင် ဖြူသွားတာမျိုးတော့ မမြင်ဖူးပါဘူး။ အကောင်းဆုံးလုပ်နိုင်တာကတော့ ဆံပင်ဖြူတာ အရမ်းများလာလို့ရှိရင် ဆံပင်ဆိုးခြင်းနည်းလမ်းကို သုံးကြည့်သင့်ပါတယ်။

      Delete
  27. ဒေါက်တာခင်ဗျာ.
    ဦးနှောက်အကျိတ်ဖြစ်ယင် အသားပေါ်က အကျိတ်တွေလို သူ့အလိုလို ပြန်ပျောက်နိုင်ပါလားခင်ဗျား။ ခွဲစိတ်ကုသရတာ အလွန် risk များပြီး ခွဲပြီးရင် ဦးနှောက်ထိခိုက်တတ်တယ်ဆိုတာ ဟုတ်ပါသလား ဒေါက်တာခင်ဗျား။
    ဦးနှောက်ကြီး ရှေ့ပိုင်းမှာ အကျိတ်ဖြစ်လာရင် ခွဲတာနဲ့ မခွဲတာ ဘယ်ဟာပိုကောင်းမလဲ အကြံဥာဏ်ပေးစေလိုပါသည်ခင်ဗျား။ မခွဲခင်က မူးတာမော်တာကလွဲရင် အကောင်း၊ ခွဲပြီးမှ လူက ကြောင်စီစီ ဖြစ်သွားနိုင်တယ်ဆိုရင် မခွဲဘဲနေလိုက်တာက ပိုကောင်းမလားခင်ဗျား။

    ReplyDelete
    Replies
    1. ရောဂါတစ်ခုရဲ့လမ်းကြောင်းကို ခန့်မှန်းရတာပာာ အင်မတန်ကိုမလွယ်တဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တဲ့ရောဂါခြင်းတူနေပေမယ့်လည်း ကောင်းလာမလား၊ ဆိုးသွားမလားဆိုတာပာာ မတူကြပါဘူး။ အခုဖြစ်နေတဲ့အခြေအနေမှာလည်း ဒီလိုပုံပါပဲ။ တချို့တွေမှာလည်း သူ့အလိုလိုပျောက်ပါတယ်။ ပျောက်သွားတယ်ဆိုတာထက် ဘာရောဂါလက္ခဏာမှ မပြဘဲရှိသွားတယ်ပေါ့လေ။ ဒါပေမယ့် တချို့သူတွေမှာတော့ ပိုဆိုးလာတတ်ပါတယ်။ အကျိတ်အမျိုးအစားပေါ်မှာလည်း မူတည်ပါတယ်။ ဦးနှောက်မှာဖြစ်တဲ့အကျိတ်တိုင်းလိုလိုပာာ အန္တရာယ်များတတ်ပြီး ခွဲစိတ်တဲ့အခါမှာလည်း Risk များတတ်ပါတယ်။ ဦးနှောက်ထိခိုက်တယ်ဆိုတာဖြစ်နိုင်ပါတယ်။ ခွဲစိတ်သင့်လား မသင့်လားဆိုတာကိုတော့ ဘာအကျိတ်လဲ၊ မခွဲခင်နဲ့ ခွဲပြီး ဘယ်ပာာက ပိုပြီး အကျိုးရှိနိုင်လဲ၊ ခွဲစိတ်ရင် လုံးဝပျောက်ကင်းဖို့ အခြေအနေဘယ်လောက်ရှိလဲဆိုတာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ အကို့အနေနဲ့အဓိကဆုံးဖြတ်ရမှာပါ။ ဆရာဝန်ဆီကလည်း အကြံဥာဏ်တွေနဲ့ risk and benefit တွေသိပြီးဖြစ်မှာပါ။ မခွဲခင်က အကောင်းဆိုတာပာာ ဒီအကျိတ်က သိပ်ပြီး မကြီးထွားလာသေးလို့ဖြစ်နိုင်ပါတယ်။ ကျနော်ပြောခဲ့သလိုပဲ ဘာမှပုံသေပြောလို့မရတဲ့အနေအထားကြောင့် ဒီအကျိတ်ပာာ ဒီအတိုင်းပဲ နေရင်လည်း နေသွားမယ်။ ဒါပေမယ့်လည်း ကြီးထွားလာပြီး အရမ်းဒုက္ခပေးနေရင်လညး ပေးနေနိုင်ပါတယ်။ အကို့ကို အရမ်းထိခိုက်နေတယ်၊ ခွဲရင်လည်း သိပ်ဆိုးကျိုး မရှိနိုင်ဘူးဆိုရင် ခွဲပါ။ အကို့ကို အရမ်းထိခိုက်နေတယ်၊ ခွဲရင်လည်း ဆိုးကျိုးရှိနိုင်တယ်ဆိုရင် ကျနော်ဆိုရင်တော့ ခွဲပါမယ်။ အကို့ကို ထိခိုက်တာလည်း နည်းနေတယ်၊ ခွဲရင်လည်း ဆိုးကျိုးရှိတယ်ဆိုရင်တော့ မခွဲပါနဲ့ဦး။ ဒါပေမယ့် အကို့ကို ဆရာဝန်ရှင်းပြပါလိမ့်မယ်။ အဲဒီမှာ ရှင်းပြတဲ့ risk and benefit အပေါ်ပဲမူတည်ပြီး အကောင်းဆုံးဆုံးဖြတ်ချက်ကို ချပါခင်ဗျာ။

      Delete
  28. ချစ်ချစ်21 June 2012 14:44

    ဆရာရှင့်
    ကျွန်မတခုအသက်၃၂နှစ်ပါ။အိမ်ထောင်သည်ပါ။ရာသီလာပြီးနောက်ပိုင်း ရက်များတွင်နောက်ထပ်သွေးအနည်းငယ်ဆင်းပါတယ်။နည်းနည်းလေးပါ ။တစ်လမှာတစ်ခါဘဲ့ဆင်းပါတယ်။အဲလိုဖြစ်တာ၃လလောက်ရှိပါပြီ။စိုးရိမ်ရပါသလား။ဖြေကြားပေးပါ

    ReplyDelete
    Replies
    1. ရာသီလာချိန်က ဘယ်လောက်ကြာပါသလဲ။ သွေးဆက်ဆင်းတယ်ဆိုတာက ရာသီလုံးဝရပ်သွားပြီးမှ ရာသီလာသလို သွေးပြန်ဆင်းတာလား၊ ဒါမှမပာုတ် ရာသီလာတာနဲ့တစ်ဆက်တည်းဖြစ်နေတာလား ဆိုတာက အရေးကြီးပါတယ်။ ရာသီလာတာနဲ့ တစ်ဆက်တည်းဖြစ်နေတာဆိုရင်တော့ ရာသီလာချိန်ကြာနေတာဖြစ်နိုင်ပါတယ်။ ဒါမှမပာုတ် ရာသီလုံးဝ ရပ်သွားပြီးတော့မှာ သွေးဆင်းတာဆိုရင်တော့ ရာသီလာချိန်ကြားသွေးဆင်းခြင်း (intermenstrual bleeding) ဖြစ်ပါတယ်။
      သွေးဆင်းတာအပြင် တခြားဘာတွေများဖြစ်သေးလဲဆိုတာကို သိချင်ပါတယ်။ နာကျင်ကိုက်ခဲတာ၊ မိန်းမကိုယ်ယားတာ၊ အနံ့နံတာ၊ အလုံးအကျိတ်တွေဖြစ်လာတာ အစရှိတဲ့ မည့်သည့်ထူးခြားမှုရှိလဲဆိုတာကို သိချင်ပါတယ်။ ကလေးရှိပါသလား၊ ဘယ်နှစ်ယောက်ရှိပါသလဲ။ အိမ်ထောင်သက်ဘယ်လောက်ရှိပါပြီလဲ။ ကလေးရှိရင် အကြီးဆုံးနဲ့ အငယ်ဆုံးအသက်ကို သိချင်ပါတယ်။ ကလေးများကို မည်သည့်အချိန်ထိနို့ချိုတိုက်ကျွေးဖူးပါသလဲ။ ဆက်ဆံချိန်မှာ နာပြီး သွေးထွက်တာမျိုးရောရှိပါသလား။ တားဆေးသုံးပါသလား၊ မည်သည့်တားဆေးမျိုးသုံးပါသလဲ။ မိသားစုမျိုးရိုးထဲမှာ သွေးမတိတ်တဲ့ရောဂါ၊ သွေးရောဂါတွေဖြစ်ဖူးတဲ့သူများရှိပါသလား။ intermenstrual bleeding ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သားအိမ်ထဲမှာ အလုံးအကျိတ်တွေဖြစ်နေတာကြောင့်၊ တားဆေးကြောင့်၊ ကင်ဆာရောဂါများကြောင့် စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျနော်အကောင်းဆုံးအကြံပေးချင်တာက Ultrasound ရိုက်ကြည့်ပါ။ သားအိမ်နဲ့ ပတ်သက်တဲ့ရောဂါအများစုကို ဖယ်ထုတ်ပြီး ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။

      Delete
    2. ချစ်ချစ်25 June 2012 11:00

      ရာသီလုံးဝရပ်သွားပြီးမှ သွေးပြန်ဆင်းတာပါ။ကိုက်ခဲတာမရှိပါဘူး။တခါတလေယားပါတယ်။အိမ်ထောင်သက်၎နှစ်ခလေးက၁နှစ်ခွဲပါ။ခလေးကို၁နှစ်အထိနို့တိုက်ပါတယ်။အတူနေစဉ်လဲမနာပါဘူး။မာဗလွန်28ဆေးကိုသောက်ပါတယ်။တခါတရံဗိုက်ဘယ်ဘက်ကအောင့်တတ်ပါတယ်။

      Delete
    3. အမခင်ဗျား။ အခုလောလောဆယ်မှာအကောင်းဆုံးကတော့ သားအိမ်ကို Ultrasound ရိုက်ကြည့်ပါ။ သားအိမ်ခေါင်းကနေပြီး အရည်ကိုယူပြီးစစ်ဆေးကြည့်တဲ့ (Pap Smear) လုပ်ကြည့်ပါ။ ရောဂါအကြောင်းတိတိကျကျသိနိုင်လောက်ပါတယ်။ ရောဂါကို သေသေချာချာသိနိုင်ရင် ဘာဆေးသောက်သင့်လဲဆိုတာကို ကျနော်အကူအညီပေးနိုင်ပါလိမ့်မယ်။

      Delete
  29. သိဂီ င်္23 June 2012 16:08

    ဆရာ။ သန္ဒေသားက သန္ဒေတည်စမှာ အထီးအမ အင်္ဂါနှစ်ခုလုံး ပါတယ်ဆိုတာ ဟုတ်ပါသလားရှင့်။ အချို့ကလဲ လူတိုင်း သန္ဒေတည်စက မိန်းကလေးချည်းပဲ၊ နောက်မှ တချို့က ယောက်ျားလေး ဖြစ်သွားတာလို့ ရေးတာ ဖတ်ရပါတယ်။ သိချင်လို့ ရှင်းလင်းပေးပါရှင့်။

    ReplyDelete
    Replies
    1. သန္ဒေတည်စမှာ အထီးအမ အင်္ဂါ၂ခုလုံးပါတယ်ဆိုတာ မပာုတ်ပါဘူး။ ဖိုမျိုးစေ့နဲ့ မမျိုးစေ့ပေါင်းစပ်လိုက်တဲ့အချိန်မှာပဲ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာက ကွဲပြားသွားပြီဖြစ်ပါတယ်။ ယောက်ျားလေးဖြစ်ရမယ့် သန္ဒေသားလေးက ယောက်ျားအင်္ဂါတွေဖွံ့ဖြိုးလာပြီး မိန်းကလေးဖြစ်ရမယ့်သန္ဒေသားက အမအင်္ဂါတွေဖွံဖြိုးလာရပါတယ်။ သန္ဒေသားက စဖြစ်ကာစမှာတော့ ယောက်ျားမိန်းမ မသဲကွဲပါဘူး၊ အချိန်အနည်းငယ်ကြာလာတဲ့အချိန်မှာ အထီးဖြစ်မှာဆို အမအင်္ဂါတွေဖြစ်မယ့်အရာတွေ တဖြည်းဖြည်း ကျုံ့ကုန်ပြီး အထီးအင်္ဂါတွေတိုးတက်ဖွံ့ဖြိုးပါတယ်။ အမဖြစ်မှာဆိုရင်လည်း အဲဒီလိုမျိုးပါပဲ။

      Delete
  30. မေးရတာ ရင့်သီးနေရင် ခွင့်လွှတ်ပါ ဒေါက်တာခင်ဗျာ- HIV မိဘနှစ်ပါးက ရလာတဲ့ ဗိုက်ထဲကကလေးကို မွေးသင့်မမွေးသင့် ဘယ်လိုဆုံးဖြတ်သင့်ပါသလဲ။
    ဒီရောဂါ ဖြစ်လာရင် မြန်မာပြည်မှာက ဆေးဖိုးတွေက ဈေးကြီး, နှစ်ဖက်မိသားစုတွေမှာ ၀န်ပိကုန်တော့ ဒီကြားထဲ ကလေးပါ ထပ်မွေးမယ်ဆိုရင် တာဝန်ယူနေတဲ့ မိဘဆွေမျိုးတွေ စေတနာပျက်ကုန်တတ်ပါတယ်၊ မိဘတွေ ကွယ်လွန်သွားရင်လဲ ကျန်ရစ်တဲ့ HIV+ ကလေးကို ဆွေမျိုးတွေက ဆက်မွေးမြူဖို့ ငြင်းဆန်တာတွေ ရှိပါတယ်။ ကလေးဖျက်ချတာကို ကျွန်တော် ယခင်က လက်မခံပါဘူး။ ခုတော့ လက်တွေ့ဘ၀ထဲမှာ စာအုပ်ကြီးအတိုင်း မပြောသင့်တာတွေ တွေ့တွေ့လာရပါတယ်။
    ဒါမျိုးကြုံလာရင် social worker တစ်ယောက်အနေနဲ့ ဘယ်လို ရပ်တည်သင့်သလဲ ဆရာ့အမြင်ကို သိပါရစေခင်ဗျာ။

    ReplyDelete
    Replies
    1. မပာုတ်ဘူးခင်ဗျာ။ အရမ်းလွဲနေပါတယ်။ HIV ပိုးရှိတဲ့မိဘဆီကမွေးတဲ့ကလေးကို ပိုးမကူးစက်အောင် ကာကွယ်လို့ရပါတယ်။ ဖျက်ချစရာမလိုပါဘူး။ ကိုယ်ဝန်ရှိတယ်ဆိုတာကိုသိရင် ကိုယ်ဝန်ဆောင်ကို ART နဲ့ကုသပေးပါတယ်။ အဲဒီဆေးနဲ့ကုသရင် ကလေးကိုမကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ၊ ဆေးပေးခန်းတွေမှာ ကိုယ်ဝန်အပ်ရင်ကိုပဲ HIV ပိုးရှိတယ်ဆိုရင် ဆေးပေးပါတယ်။ စီမံချက်နဲ့ကို ဆောင်ရွက်ပေးနေပါတယ်။ ဆေးမှန်မှန်သောက်ရင် ကလေးကို မကူးစက်နိုင်ပါဘူး။ ဒါကြောင့် မဖျက်ချသင့်ပါဘူးခင်ဗျာ။

      Delete
  31. ဆရာရှင့်..
    ကျွန်မခံစားနေရတဲ့ဝေဒနာတခုက လေအရမ်းတက်တာပါပဲ။ ညနေပိုင်းထမင်းစားပြီးရင်ပိုပြီးဆိုးလာပါတယ်၊ အသက်ရှုရတာကျပ်လာပါတယ်၊နေ့ခင်းအချိန်ကတော့ဖြစ်တာအရမ်းနည်းပါတယ်။ ပြီးတော့အရိုးတွေကအရမ်းကိုက်ပါတယ်၊ လက်ချောင်းတွေ ဆိုရင်အေးလာရင်ပိုပြီးကိုက်ပါတယ်၊ မနက်နိုးလာရင်လက်တွေကထုံနေပါတယ်၊ မြန်မာဆေးတော့သောက်ဘူးပါတယ်၊ ကြာလာတော့သိပ်မသိတာလို့ရပ်လိုက်ပါတယ်၊လက်မောင်းရိုးတွေ၊ ကျောနောက်ဘက်နည်းနာသလိုလိုကိုက်သလိုဖြစ်နေပါတယ်၊ အရင်တုန်းကတော့လေးဘက်နာစစ်ဘူးပါတယ်။ပိုးကများတယ်လို့တော့ပြောပါတယ်၊မမှတ်မိတော့လို့ပါ။ လေးဘက်နာကြောင့်ဖြစ်နိုင်ပါသလား၊ အဲဒါကိုဘယ်လိုကုသရမလဲ၊ ဘယ်လိုဆင်ခြင်ပြီးနေထိုင်ရမလဲဆိုတာကိုသိချင်ပါတယ်ရှင့်။

    ReplyDelete
    Replies
    1. လေတက်တဲ့ကိစ္စကိုတော့ အစာမစားခင်နာရီဝက်အလိုမှာ Omeprazole ဆိုတဲ့အစာအိမ်ဆေးကို တစ်လုံးသောက်ပါ။ သောက်ပြီး နာရီဝက်လောက်ကြာမှအစာစားပါ။ အဆစ်တွေ၊ အရိုးတွေကိုက်နေတာကတော့ အသက်အရွယ်ပေါ်မူတည်ပြီး အမျိုးအစားကွဲပြားပါတယ်။ အခုအသက်အရွယ်မဖော်ပြထားတဲ့အတွက် ခွဲရခက်နေပါတယ်။ လေးဘက်နာမှာကိုပဲ ၂မျိုးရှိပါတယ်။ သွေးလေးဘက်နာလို့ခေါ်တဲ့ (Rheumatoid arthritis) နဲ့ နှလုံးလေးဘက်နာလို့ခေါ်တဲ့ (Rheumatic arthritis) ဆိုပြီးရှိပါတယ်။ အသက်အရွယ်ပေါ်မူတည်ပါတယ်။ သွေးစစ်ကြည့်ရင် အဖြေသိနိုင်ပါတယ်။ အသက်ငယ်ရင်တော့ နှလုံးလေးဘက်နာဖြစ်ချေများပြီး အသက်ကြီးရင်တော့ သွေးလေးဘက်နာဖြစ်ဖို့များပါတယ်။ မနက်ပိုင်းမှာ အဆစ်တွေခဲပြီး မလှုပ်နိုင်ဖြစ်နေတာမျိုးကတော့ သွေးလေးဘက်နာနဲ့ပိုတူပါတယ်။ နှလုံးလေးဘက်နာဆိုရင်တော့ အဆစ်သေးတွေထက်စာရင် အဆစ်ကြီးတွေမှာပိုပြီးဖြစ်ပါတယ်။ အဆစ်လေးတွေကို လေ့ကျင့်ခန်းလုပ်ပေးပါ။ ကွေးတာဆန့်တာမျိုးပေါ့။ သွေးလေးဘက်နာရော၊ နှလုံးလေးဘက်နာရောက အသေအချာကုသရမယ့် ရောဂါတွေဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး အသေအချာတိုင်ပင်သင့်ပါတယ်ခင်ဗျာ။

      Delete
    2. ဆရာရှင့်..
      အသက်ပြောဖို့ကျန်ခဲ့လို့ပါ. 29 နှစ်ပါ.ဆရာဝန်ကဘယ်လိုဆရာဝန်မျိုးနဲ့ပြရမလဲမသိပါဘူး..လမ်းညွှန်ပေးပါရှင့်.ကျေးဇူးအထူးတင်ပါတယ်၊

      Delete
    3. အသက် 29 နှစ်ပါ. Omeprazole ကိုဝယ်သောက်လိုက်ပါမယ်..ကျေးဇူးတင်ပါတယ်.လေးဘက်နာအတွက်ဘယ်လိုဆရာဝန်မျိုးနဲ့သွားရောက်ပြသရပါမလဲဆိုတာကိုအကြံပေးစေချင်ပါတယ်.

      Delete
    4. လေးဘက်နာရောဂါများနဲ့ ပတ်သက်ပြီးတော့ အထူးကုဆရာကြီးဦးချစ်စိုးဆိုတာရှိပါတယ်။ ဆရာကြီးကတော့ အဲဒီဘက်မှာ အထူးကုပါ။ လူနာတော့နည်းနည်းများပါတယ်။ ကြိုတင်ရက်ချိန်းယူပြီးမှ သွားပြပါ။

      Delete
  32. ကျွန်တော် အရေးပေါ် ၀ိတ်ချဖို့ လိုနေပါသည်.. ၂ပတ်အတွင်း ပိန်အောင် ဘယ်လိုစားရမလဲဆရာ..ပိန်ဆေးနဲ့ ၀မ်းနှုတ်ဆေးတွေ သောက်သင့်ပါသလား

    ReplyDelete
    Replies
    1. ပိန်ဆေးနဲ့ ၀မ်းနှုတ်ဆေးသောက်တာက ကိုယ်အလေးချိန်ချတာအတွက် အဖြေတစ်ခုမပာုတ်ပါဘူး။ အခန့်မသင့်ရင် ရေဓါတ်ဆုံးရှုံးပြီး အန္တရာယ်တောင်ရှိနိုင်ပါသေးတယ်။ ကိုယ်အလေးချိန်ချတာကတော့ ဖြတ်လမ်းနည်းမရှိတတ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားအသောက်ကို နည်းစနစ်မှန်မှန်စားခြင်းကသာ ကိုယ်အလေးချိန်လျော့နိုင်ပါတယ်။ အသားဓါတ်တွေ၊ အဆီဓါတ်တွေကိုရှောင်ပြီး အမျှင်ဓါတ်ပါတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေကိုများများစားပါ။ မြန်မြန်ကျခြင်ရင်တော့ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပြင်းပြင်းထန်ထန်လုပ်ပေးပါ (ကြိုးခုန်တာကတော့ အကောင်းဆုံးလို့ဆိုပါတယ်။) ကျနော်ကတော့ ၀မ်းနှုတ်ဆေးသောက်တာနဲ့ ပိန်ဆေးသောက်တာကို အားမပေးပါဘူးခင်ဗျာ။

      Delete
  33. ဆရာ
    ညီမ က အသက်နှစ်ဆယ်သုံးနှစ်ပါ။ ညီမ ရဲ့ ခန္ဓာကိုယ့်မှာ အပူများတယ်လို့ထင်ပါတယ်။ ရေခဲ့ရည် (၁) လောက်သုံး ငရုတ်သီးစားလိုက်တာနဲ့ အပူကန်ပါတယ်။ မစားလည်း အပူကန်ပါတယ်။ အပူကန်တဲ့ အခြေအနေဟာ ဆိုးပါတယ်။ ပါးစပ်မှာ
    ကော လျှာမှာပါ အပူကန်တဲ့ အနာတွေ ထွက်လာပါတယ်။ အစားလည်း စားလို့မရလို့ အခက်တွေရပါတယ်။ ၀မ်းချုပ်ပါတယ်။
    တစ်လကို အနည်းဆုံး တခါလောက်တော့ ဖြစ်ပါတယ်။ ဘယ်လိုမျိုးကုသသင့်သလဲဆိုတာ ဖြေပေးပါနော်။ အမှားပါရင် ခွင့်လွတ်ပါနော် ဆရာ။ အပူကန်နေတဲ့ အချိန် ၀မ်းနုတ်ဆေးသောက်လည်း မသက်သာပါဘူး(ဗမာဝမ်းနုတ်ဆေး မသောက်ရဲလို့
    အင်္ဂလိပ် ၀မ်းနုတ်ဆေးပဲသောက်ပါတယ်။

    ReplyDelete
    Replies
    1. အနောက်တိုင်းဆေးပညာမှာတော့ အပူများတယ်ဆိုတယ်ဆိုပြီး မယူဆကြပါဘူး။ ဒါပေမယ့်နောက်တစ်ဖက်ကပြန်ကြည့်ရင် ကျနော်ကိုယ်တိုင်လည်း အဲလိုမျိုးပါးစပ်မှာ အနာဖြူဖြူလေးတွေ ခဏခဏဖြစ်၊ အပူဖုဆိုတဲ့အဖုလေးတွေခဏခဏဖြစ်တတ်ပါတယ်။ မြန်မာဝမ်းနှုတ်ဆေးစားဖြစ်တာပါပဲ။ သူတို့မရှာတွေ့သေးလို့လားတော့ မသိဘူးပေါ့လေ။ ဆက်စပ်မှုရှိရင်လည်း ရှိနိုင်ပါတယ်။ ကျနော်ထင်တာတော့ အဲဒီအဖုလေးတွေ၊ အဖြူအနာလေး (Aphthous ulcer) တွေပာာ ခန္ဒာကိုယ်ရဲ့ တုံ့ပြန်မှုလွန်ကဲတာကြောင့်လို့တော့ ထင်တာပဲ(ဆေးစာအုပ်တွေထဲမှာလည်း အဲဒီအနာလေးတွေ ဘယ်လိုဖြစ်လာလဲဆိုတာကို မသိသေးဘူးလို့ဆိုပါတယ်)။ ဖြူဖြူအနာလေးတွေကိုတော့ Generlog ဆိုတဲ့ဆေးကိုလိမ်းပေးပါ။ ကျနော်လည်း အနာဖြစ်တိုင်းအဲဒီဆေးကိုပဲလိမ်းရပါတယ်။ B2 (Riboflavin) သောက်ပေးပါ။ ပါးစပ်ကအနာတွေကဖြစ်ရင်ရောင်နေတတ်တော့ပိုနာပါတယ်။ Diclofenac သောက်ပေးကြည့်ပါ။ အစာအိမ်ရောဂါရှိရင်တော့ အဆင်မပြေပါဘူး။ အရမ်းသောက်ရင်လည်း မကောင်းပါဘူး။ ကျနော်ကတော့ တော်တော်ဆိုးရင် Steroid (Dexamthasone) သောက်တတ်ပါတယ်။ အကြာကြီးတော့ မသောက်ပါနဲ့။ ၃ရက်လောက် အလွန်ဆုံးထားသောက်ပါခင်ဗျာ။

      Delete
  34. ကျွန်တော် ကော်ဖီမစ် ပုံမှန်သောက်တယ်ဆရာ။ များများသောက်ရင် နှလုံးထိတတ်တယ်ဆိုလို့ တစ်နေ့ကို အလွန်ဆုံး ဘယ်နှစ်ထုပ်အထိ သောက်နိုင်ပါသလဲခင်ဗျာ။

    ReplyDelete
    Replies
    1. ကော်ဖီမစ်ကို တနေ့ဘယ်လောက်အများဆုံးသောက်သင့်လဲဆိုတာကတော့ သုတေသနလုပ်ထားတာမျိုးမရှိတဲ့အတွက်ပြောရခက်ပါတယ်။ ကျနော်တို့အိမ်မှာတော့ ကျနော့်အဖေက တနေ့ကို ၅ထုပ်လောက်ထိသောက်တတ်ပါတယ်။ လူပေါ်မှာပဲမူတည်ပါတယ်။ တချို့လူတွေက ကော်ဖီတစ်ခွက်တည်းနဲ့ကိုပဲ ရင်တုန်တာတွေ၊ ညအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ အဲလိုလူတွေဆိုရင်တော့ သိပ်မသောက်သင့်ပါဘူး။ သောက်နေကျလည်းဖြစ်တယ်၊ ဘာမှလည်း မထိခိုက်ဘူးဆိုရင်တော့ သောက်လို့ရပါတယ်။ တစ်ခုရှိတာကတော့ အားလုံးပာာ တန်ဆေး၊ လွန်ဘေးကြီးပါပဲခင်ဗျာ။

      Delete
  35. ဒေါက်တာခင်ဗျာ..
    ကျွန်တော်ကအဝေးသင်ကျောင်းသားတစ်ယောက်ပါ ကျွန်တော်အလုပ်ကမနက်9နာရီ ကနေည11နာရီအထိ
    Computerရှေ့ မှာထိုင်ရပါတယ်.တစ်ခါတစ်လေညလုံးပေါက်ထိုင်ရတာတွေလည်းရှိပါတယ်.အလုပ်ချိန်မှာ
    နည်းနည်းနားတာတော့ ရှိပါတယ်ခင်ဗျာအဲဒီမှာအလုပ်လုပ်နေတာတော့1နှစ်လောက်ရှိပါပြီ။အဲဒီလိုမျိုး
    computer ရှေ.မှာထိုင်ရင်ဘယ်လိုဆိုးကျိုးတွေဖြစ်စေလည်းခင်ဗျာ မျက်မှန်တပ်ဖို.လိုအပ်ပြီလားခင်ဗျာ
    ကျွန်တော့အသက်က19ပါခင်ဗျာ
    အရေးအသားရိုင်းသွားရင်တောင်းပန်ပါတယ်ခင်ဗျာ

    ReplyDelete
    Replies
    1. ကွန်ပျူတာရှေ့မှာကြာကြာထိုင်ရင် ကွန်ပျူတာကထွက်တဲ့ အလင်းတန်းတွေရဲ့ ရိုက်ခတ်မှုကြောင့် မျက်လုံးကို ထိခိုက်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Computer Vision Syndrome လို့တောင်အသုံးပြုလာပါတယ်။ အမြင်တွေဝါးလာတာ၊ မျက်မှန်ပါဝါတွေတက်လာတာ၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ အလင်းဒဏ်မခံနိုင်တာတွေဖြစ်လာပါတယ်။ နောက်တစ်ခုက မျက်မှန်ပါဝါလိုနေရက်နဲ့ မတပ်ဘဲ ထပ်သုံးနေရင် ပိုဆိုးလာစေတယ်လို့ဆိုပါတယ်။ မျက်မှန်တပ်ဖို့လိုအပ်နေပြီလားဆိုတာကိုတော့ မျက်စိဆရာဝန်နဲ့သွားရောက်စစ်ဆေးမှုခံယူသင့်ပါတယ်။ လိုက်နာသင့်တဲ့အချက်တွေကိုတော့ ကျနော်ပို့စ်တစ်ခုသက်သက်တင်ပေးထားပါတယ်။ ကွန်ပျူတာအသုံးများတဲ့သူတွေအတွက် မျက်စိမထိခိုက်အောင် ဆိုတဲ့နာမည်နဲ့ပါ။ ဖတ်ရှုကြည့်နိုင်ပါတယ်ခင်ဗျာ။

      Delete
  36. ဆရာခင်ဗျာ။ ကျွန်တော့်နှုတ်ခမ်းဘေးမှာ အဖုသေးသေးလေးတွေ စုပြီး ပေါက်နေတာ ၃ ရက်လောက် ရှိပါပြီ။ ရေယုံထင်တာနဲ့ သွားတိုက်ဆေးအုံလိုက်တာ မပျောက်ဘဲ ပိုကြီးပြီး ယောင်လာတယ်။ သွားတိုက်ဆေးအုံတာ များလဲ နည်းနည်းများသွားပါတယ်။ အနာပေါ် အထူကြီး သိပ်ထည့်လိုက်တော့။ အခု ပိုကြီးပြီး ပါးပါယောင်လာလို့ ဘာလုပ်ရမလဲခင်ဗျာ။ အနာရွတ် ဖြစ်ကျန်ခဲ့မှာလဲ စိုးပါတယ်။ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။
    ကျွန်တော် ဆေးဝယ်ဖို့က ငွေကြေးခက်ခဲနေတဲ့ အချိန်မို့ မီးဖိုချောင်ထဲက ရှိတဲ့ပစ္စည်းနဲ့ဖြစ်ဖြစ်၊ ဈေးပေါပေါနဲ့ လွယ်လွယ်ရနိုင်တဲ့ သောက်ဆေးလိမ်းဆေးဖြစ်ဖြစ် ညွှန်ပါခင်ဗျာ။

    ReplyDelete
    Replies
    1. အကိုအခုဖြစ်နေတာပာာ တကယ်ရေယုန်ဆိုရင်တောင် သွားတိုက်ဆေးအုံတာပာာ ဘာမှထူးခြားလိမ့်မယ်လို့မထင်ပါဘူး။ သွားတိုက်ဆေးပူတာနဲ့ ပိုပြီးတောင်ဆိုးလာပါဦးမယ်။ အခုတော့ ပါးရောင်ပြီး ပိုပြီးကြီးလာတယ်ဆိုတော့ ပိုးဝင်သွားတာဖြစ်နိုင်ပါတယ်။ ရောင်နေတာကနေပြီး ပြည်တည်တဲ့အခြေအနေတွေထိဖြစ်လာရင်တော့ အမာရွတ်ကျန်ဖို့များပါတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ပဲတော့ ကျနော်လည်းလမ်းမညွှန်တတ်ဘူးခင်ဗျာ။ အရောင်ကျလာအောင် Denzo သောက်သင့်ပါတယ်။ တစ်နေ့၂ကြိမ်သောက်ရမှပါ။ ပိုးသတ်ဆေးအတွက် Ampiclox(Ampicillin+Cloxacillin) သောက်သင့်ပါတယ်။ တစ်နေ့သုံးကြိမ်နဲ့ အနည်းဆုံး၃ရက်တော့သောက်ပါ။ မသက်သာရင် ဆက်သောက်ရမှာပါ။ ရေယုန်ဆိုရင်တော့ Acyclovir လိမ်းဆေးကိုလိမ်းပေးရပါမယ်။ ရေယုန်ဆိုရင် အရည်ကြည်ဖုလိုမျိုး အဖုလေးတွေဖြစ်တတ်ပါတယ်။ ယားတတ်၊ နာတတ်ပါတယ်။ ပွားတတ်ပါတယ်ခင်ဗျာ။

      Delete
  37. ကျွန်တော် ၀ါတွင်း သက်သတ်လွတ် စားချင်လို့ဆရာ။ သက်သတ်လွတ်စားတာက ဖြစ်သလိုစားရင် မေ့တတ်လျော့တတ်တယ်ဆိုတာ ဟုတ်ပါသလား။ အဲဒီလိုမဖြစ်အောင် ဘာတွေ ဘယ်လိုစားရမလဲဆရာ။
    နောက်တစ်ခု မေးချင်တာကဆရာ။ လည်လှီးပြီး အသတ်ခံရတဲ့ နွားတွေ ဆိတ်တွေက သေရမှာ ကြောက်တဲ့စိတ်ကြောင့် သေခါနီးမှာ သူတို့ကိုယ်ထဲက ဓာတုပစ္စည်းတစ်မျိုး ထွက်တယ်။ အဲဒါက စားသုံးသူတွေအတွက် ကျန်းမာရေးနဲ့ မသင့်လျော်ဘူးဆိုတာ မှန်ပါသလား။

    ReplyDelete
    Replies
    1. သက်သက်လွတ်စားတဲ့သူတွေမှာ အသားဓါတ်လိုအပ်တာမျိုးတွေတော့ရှိပါတယ်။ မေ့တတ်လျော့တတ်တာတွေဖြစ်တယ်ဆိုတာတော့ မရှိပါဘူး။ သက်သက်လွတ်စားရင် ပဲအမျိုးမျိုး၊ အာလူး၊ ပေါင်မုန့်၊ ရေညှိစတာတွေစားပေးရင်တော့ အဆင်ပြေပါလိမ့်မယ်။
      လည်လှီးသားတွေမှာ အဲလိုမျိုးရှိတယ်လို့တော့ ကျနော်မကြားဖူးပါဘူး။ လည်လှီးမှမပာုတ်ဘူးလေ၊ ဘယ်လိုပဲသတ်သတ်သေတာပဲဆိုတော့ သေမှာကိုတော့ ကြောက်ကြမှာပါပဲ။ ကျနော်ကလည်လှီးသားကိုမစားပါဘူး။ ဒါပေမယ့် အဲလိုမျိုးကျန်းမာရေးနဲ့မသင့်တော်လို့ဆိုတာမျိုးကြောင့်တော့ မပာုတ်ပါဘူးခင်ဗျာ။

      Delete
  38. ဆရာ သိချင်တာလေးရှိလို့မေးခွင့်ပြုပါခင်ဗျာ...
    သိချင်တဲ့အရာကတော့ HIV ဖြစ်နေတဲ့ လူနာတစ်ယောက်က အရင်ဦးဆုံးလက္ခဏာပြတာက မှဲ့ခရုပေါက်တာလားဆရာ။ မှဲ့ခရုပေါက်ရင်ကော သူရဲ့လက္ခဏာက ဘယ်လိုပြပါသလဲခင်ဗျား။

    ReplyDelete
    Replies
    1. ကျနော်ပထမဆုံးရှင်းပြချင်တာက HIV ပိုးရှိသူနဲ့ AIDS ဖြစ်နေတဲ့သူဆိုတာပါ။ အဲဒီ၂ခုက မတူပါဘူး။ HIV ပိုးကူးစက်ခံရတဲ့သူတွေပာာ AIDS ရောဂါဖြစ်လာတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် HIV ပိုးရှိသူတိုင်းကို AIDS ဖြစ်နေပြီလို့မခေါ်ပါဘူး။ HIV ပိုးရှိနေသူပာာ AIDS ရောဂါဖြစ်လာဖို့အတွက် ကုသမှုခံယူခြင်း၊ မခံယူခြင်းပေါ်မူတည်ပြီး ၂နှစ်ကနေ ၁၀နှစ်ထိကြာမြင့်နိုင်ပါတယ်။ HIV ပိုးရှိနေသူကို AIDS ရောဂါဖြစ်ပြီလို့သတ်မှတ်တာကတော့ ရောဂါလက္ခဏာတွေနဲ့မဆိုင်ဘဲ CD4 count 200အောက်ရောက်သွားပြီဆိုရင် သတ်မှတ်ပါတယ်။ AIDS ဖြစ်သွားပြီဆိုရင်တော့ မှဲ့ခရုလို့ခေါ်တဲ့ (Oral thrush) ဖြစ်တတ်ပါတယ်။ အဲဒါက အရင်ဆုံးပြတဲ့လက္ခဏာလားဆိုတာကတော့ လူနာရဲ့အခြေအနေပေါ်မူတည်ပါတယ်။ အများအားဖြင့်တော့ အရင်ဆုံးလက္ခဏာတွေက ရောဂါတစ်ခုခုမရှိဘဲ ကိုယ်ပူနေတာ၊ ကိုယ်အလေးချိန်သိသိသာသာလျော့သွားတာ၊ ၀မ်းလျှောတာ၊ အကျိတ်တွေကြီးလာတာတို့ဖြစ်ပါတယ်ခင်ဗျာ။ မှဲ့ခရုတွေပာာ လျှာပေါ်မှာဖြစ်တာပါ။ မှိုကြောင့်ဖြစ်တဲ့ရောဂါဖြစ်တာကြောင့် မှိုသတ်ဆေးတွေဖြစ်တဲ့ nystatin, miconazole, Gentian violet or amphotericin B တို့ကိုသောက်သုံးရင်ရပါတယ်။

      Delete
    2. ကျေးဇူးတင်ပါတယ်။ အခုလိုဖြေပေးတဲ့အတွက် ဘ၀တစ်လျှောက်လုံး လူမှုရေးအကျိုးပြုလုပ်ငန်းတွေကို ဒီထက်မက လုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

      Delete
  39. ကျွန်မကိုယ်ဝန်ကခုဆို၂၈ပတ်ရှိနေပါပြီ
    ကျွန်မမနေ့ကကားနောက်ကျမှာစိုးလို့ပြေးမိပါတယ် ၅မိနစ်လောက်ပါ။ ဒါပေမယ့်စပြေးစမှာပဲ ဗိုက်ရဲ့ဘယ်ဖက်အောက်နားကနဲနဲနာပါတယ်။ ကားပေါ်ရောက်ပြီးတော့တော်တော်လေးနာလာပါတယ်။ ဒါပေမယ့်လမ်းတော့လျှောက်နိုင်ပါတယ်။ အိမ်ရောက်ပြီးခနအိပ်ပြီးပြန်ထတော့ဘယ်ဘက်ခြေထောက်ကထောက်ရင် ဗိုက်ထဲကတော်တော်ကိုနာပါတယ်။ လမ်းတောင်ကောင်းကောင်းလျှောက်လို့မရပါဘူး။ ကလေးကတော့ပုံမှန်လှုပ်နေပါတယ်။ ဒီနေ့တော့ခြေထောက်ထောက်ရင်မနာဘဲ လမ်းလျှောက်လို့ရပေမယ့် ဗိုက်အောင်ပိုင်းကတော့နာနေတုန်းပါပဲ။ (ဗိုက်နာတာကတော့လမ်းလျှာက်မှပါ၊ထိုင်နေ၊လှဲနေရင်ဘာမှမခံစားရပါဘူး) ဘာလုပ်ရမလဲပြောပြပေးပါ။ ကလေးကိုလှုပ်တာအမြဲစမ်းနိုင်တဲ့နည်းလေးရှိရင်ပြောပြပေးပါ။ ခုစိတ်ကထင်လို့လားတော့မသိပါဘူး ကလေးလှုပ်တာအားနည်းနေသလိုခံစားရလို့ပါ။ အမြန်ဆုံးဖြေပေးပါ ကျေးဇူးပြုပြီးတော့၊

    ReplyDelete
    Replies
    1. ရေဆင်းသွေးဆင်းတာတွေမရှိလောက်ဘူးလို့ယူဆရပါတယ်။ အရမ်းကြီးမစိုးရိမ်ပါနဲ့။ နည်းနည်းပြေးလိုက်ရုံနဲ့တော့ ကိုယ်ဝန်ကိုအရမ်းကြီးထိခိုက်သွားမယ်လို့မထင်ပါဘူး။ ကလေးလှုပ်ရှားမှုကို မှတ်လို့ရပါတယ်။ စလှုပ်တဲ့အချိန်ကနေပြီး ကလေးလှုပ်တာလုံးဝရပ်သွားတဲ့အချိန်ထိမှတ်ပါ။ အဲလိုစလှုပ်တဲ့အချိန်ကနေပြီး ရပ်သွားတဲ့အချိန်ထိက တစ်ခါပါ။ အဲလိုမျိုး တစ်နေ့ကို ဆယ်ခါလှုပ်ရပါမယ်။ ဆယ်ခါပြည့်သွားရင်တော့ ဆက်မှတ်စရာမလိုပါဘူး။ အဲလိုမျိုးနေ့တိုင်းမှတ်လို့ရပါတယ်။ အကောင်းဆုံးကတော့ Ultrasound ရိုက်ကြည့်လိုက်ပါ။ အများအားဖြင့် မထိခိုက်နိုင်ဘူးဆိုပေမယ့် ရိုက်ကြည့်လိုက်ရင်တော့ အကောင်းဆုံးပါ။ လုံးဝစိတ်ရှင်းသွားအောင် OG နဲ့ပြန်ပြကြည့်ပါ။ ဗိုက်နာနေတယ်ဆိုတာကလည်း အရေးကြီးပါတယ်။ ပြေးလိုက်လို့မပာုတ်ဘဲ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နေနိုင်တာမို့ အခုကျနော်အကြံပေးချင်တာက ကလေးလှုပ်တာကိုမှတ်ပါ။ Ultrasound ရိုက်ကြည့်ပါ။ OG နဲ့သေချာပြန်ပြပါ။ ကြားထဲမှာ ကလေးအလှုပ်နည်းသွားတာ၊ ရေဆင်း၊ သွေးဆင်းတစ်ခုခုများဖြစ်ခဲ့ရင် ချက်ခြင်းဆေးရုံကိုသွားပါခင်ဗျာ။

      Delete
  40. ဆရာရှင့်။ အသားဖြူအောင် ဓာတုဗေဒနည်းဖြင့် လုပ်ယူနိုင်ပါသလား။ ကြော်ငြာသည့်အသားဖြူဆေးတွေက လက်တွေ့မှာ မထူးခြားပါ- တကယ်အစွမ်းထက်သည့်နည်း ရှိပါသလားရှင့်။

    ReplyDelete
    Replies
    1. အသားဖြူအောင် ဓာတုဗေဒနည်းနဲ့ လုပ်ယူလို့ရပါတယ်။ မိုက်ကယ်ဂျက်ဆင်လုပ်သလိုမျိုး လုပ်လို့ရပါတယ်။ အသားမဲတယ်ဆိုတာက အရေပြားပေါ်မှာ Melanin လို့ခေါ်တဲ့အမဲဓါတ်ရှိနေလို့ပါ။ အဲဒီဓါတ်ကနေရောင်ခြည်ကိုခံနိုင်အောင်၊ အရေပြားကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အဲဒီဓါတ်ကိုဓာတုဗေဒနည်းနဲ့ချွတ်ပစ်လို့ရပါတယ်။ အဲဒါဆိုအသားအရမ်းဖြူသွားပါတယ်။ ဆိုးကျိုးတွေကတော့ နေရောင်ဒဏ်ကိုမခံနိုင်တော့ပါဘူး။ ဘယ်လိုမှမကောင်းနိုင်ပါဘူး။ ကျနော်တော့အားမပေးပါ။ အသားဖြူတဲ့ဆေးတွေက ချက်ခြင်းကြီးတော့ ဖြူလာမှာမပာုတ်ပါဘူး။ အချိန်တော့ယူရပါတယ်။ နဂိုအသားညိုတဲ့သူတစ်ယောက်ပာာ လုံးဝဆွတ်ဆွတ်ဖြူလာအောင်တော့ လုပ်နိုင်မှာမပာုတ်ပါဘူးခင်ဗျာ။

      Delete
  41. ဆရာရှင့် ညီမမှာအနာစက်တွေကမပြောက်ဝူးရှင့်... သူများတွေလိုအတိုလေးတွေ ၀တ်ချင်းတာတောင်ဝတ်မရဖြစ်နေတယ် အဲအနာစက်တွေက အမာရွတ်လေးတွေအနေနဲ့ ကျံပြီးဘာလူလူ၊ဘာသုံးသုံး မပြောက်ဝူးဖြစ်နေတယ် နည်းလမ်းလေးရှိရင်ပြောပေးပါအုံး ကျေးဇူးတင်ပါတယ်..

    ReplyDelete
    Replies
    1. ဖြစ်နိုင်တာကတော့ မျိုးရိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာအဲလိုမျိုးပဲ အနာဖြစ်ပြီးရင်တော်တော်နဲ့ အမာရွတ်မပျောက်တာ၊ အနီစက်လေးတွေဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်။ Vitamin E သောက်ကြည့်ပါ။ လိမ်းကြည့်ပါ။ သူက Antioxidant effect ရှိတဲ့အတွက်အသားအရေပျက်ဆီးတာကိုကာကွယ်ပြီး အသားအရေကိုနုပျိုစေတယ်လို့ဆိုပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ Hiruscar လိုမျိုး အမာရွတ်ပျောက်ဆေးတွေကိုလည်း စမ်းသုံးကြည့်လို့ရပါတယ်။ တစ်ခုရှိတာက အသားအရေနဲ့ပတ်သက်တဲ့ဆေးဝါးတွေပာာ အချိန်ယူရပါတယ်။ စိတ်မရှည်ဘဲတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးနေရင် အဆင်ပြေမှာမပာုတ်ပါဘူးခင်ဗျာ။

      Delete
    2. ဆရာရှင့် ညီမ အကြောပျက်တာဘယ်လိုလုပ်ရမလဲရှင့်  ဒူးခေါင်းတွေမှာအကြောပြတ်နေလို့ ကူညီပါဆရာ

      Delete
    3. ကံဆိုးတယ်ပဲပြောရမလားတော့မသိဘူးဗျာ။ အကြောပြတ်တာအတွက် ကုထုံးအနေနဲ့ လိမ်းဆေးတွေကတော့ အစွမ်းမထက်ပါဘူး။ ခွဲစိတ်ကုထုံးနဲ့ လေဆာကုထုံးတွေကပဲ အကြောပြတ်တာတွေကို ပျောက်ကင်းနိုင်စေပါလိမ့်မယ်။

      Delete
  42.့ ဒေါက်တာ။ အခြောက်ဖြစ်နေသည့်ယောက်ျားလေးတစ်ယောက်ကို ပုံမှန်ပြန်ဖြစ်အောင် ကုသပေးလို့ ရပါသလား။
    သူတို့၏ အဓိကပြဿနာဖြစ်သည့် ယောက်ျားအချင်းချင်းကို ချစ်ချင်ကြိုက်ချင်စိတ်ကို ဖျောက်ပေးနိုင်လျှင် အလှအပမက်ခြင်း၊ အမွှေးနံ့သာမက်ခြင်း၊ ကနွဲ့ကလျ နေလိုခြင်းစသော အခြားပြဿနာများလည်း ပျောက်သွားနိုင်မည်ဟု ထင်ပါသည်။ ဘယ်လို ကုသပေးရပါသလဲခင်ဗျား

    ReplyDelete
    Replies
    1. ဒီပြဿနာကတော့ အတော်ဖြေရှင်းရခက်တဲ့ပြဿနာဖြစ်နေပါတယ်။ ဘာလို့လည်းဆိုတော့ အရင်ကတော့ ဒီလိုမျိုး လိင်တူတပ်မက်တာကို ရောဂါတစ်မျိုးလို့သက်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူ့အခွင့်အရေးတောင်းဆိုသူတွေကြောင့် ရောဂါတစ်ခုအဖြစ်မသတ်မှတ်တော့ပါဘူး။ ရောဂါအဖြစ်မသတ်မှတ်တော့သလို လိင်တူတပ်မက်သူတွေကလည်း ကုသမှုကိုမခံယူချင်ကြပါဘူး။ အဲဒီအခက်အခဲတွေကြောင့် လိင်တူတပ်မက်သူတွေကိုကုသပေးလို့မရဘူးလို့ထင်ပါတယ်။ သူတို့ကလိင်တူတပ်မက်တဲ့စိတ်ကလွဲရင် ကျန်တာတွေအကုန်လုံးကအကောင်းအတိုင်းဖြစ်နေတော့ ဘယ်လိုကုသနည်းနဲ့ကုသရမလဲဆိုတာခက်ပါတယ်။ မွေးရာပါဗီဇလို့တောင်ပြောလို့ရပါတယ်။ တချို့ဆိုရင် ငယ်ငယ်တုန်းတည်းက အိမ်ကလိင်တူတပ်မက်သူလို့ထင်တဲ့အတွက် အမျိုးမျိုးပြုပြင်လာခဲ့တာတောင် မရပါဘူး။ သူတို့အနေနဲ့ကဒီလိုမျိုးလိင်တူတပ်မက်တဲ့စိတ်ကို ဘယ်လိုမှပယ်ဖျက်လို့မရဘူးဖြစ်နေတာပါ။ အဓိကပြောင်းလဲပစ်ရမှာကတော့ စိတ်ပါ။ ကိုယ်တိုင်ကဒီစိတ်ကို သာယာနေသမျှတော့ ဘယ်လိုမှကုသမှုပေးလို့ရမှာမပာုတ်ပါဘူး။

      Delete
  43. လမင်း
    လေးစားစွာဖြင့် မေးခွန်းတခုလောက်မေးချင်ပါတယ် ဒေါက်တာ ကျွန်မ ခြေသလုံးပေါ်ကအမွေးအမျှင်တွေဘယ်လိုဖယ်နိုင်မလဲသိချင်ပါတယ်....

    ReplyDelete
    Replies
    1. အခုနောက်ပိုင်းမှ ရုတ်တရက်အမွေးတွေများလာတာဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နေနိုင်လို့ စစ်ဆေးမှုခံယူသင့်ပါတယ်။ အရင်တည်းက ရှိနေတာဆိုရင်တော့ ဖယ်ရှားဖို့နည်းလမ်းတွေရှိပါတယ်။ အများအားဖြင့် အသုံးပြုကြတာကတော့ ရိတ်ပစ်တာရယ်၊ Wax သုံးပြီး ကပ်ခွာနဲ့ဖယ်ရှားပစ်တာရယ်ပါ။ အဲဒီ၂မျိုးလုံးက အဆင်ပြေသလို လွယ်လည်းလွယ်ပါတယ်။ အမွေးတွေကိုလုံးဝ မပေါက်တော့အောင်တော့ လုပ်ရတာအရမ်းခက်ပါတယ်။ လေဆာသုံးပြီး မွေးညင်းပေါက်တွေကို ဖျက်ဆီးပစ်လို့ရပါတယ်။ စရိတ်အရမ်းထောင်းသလို၊ ခဏခဏလုပ်ရမှာပါ။ အဲဒါကြောင့် အကြံပေးချင်တာကတော့ အန္တရာယ်ကင်းတဲ့ အပေါ်က၂နည်းကိုပဲ အသုံးပြုဖယ်ရှားကြည့်စေချင်ပါတယ်။

      Delete
  44. အစ်ကိုခင်ဗျာ။ ကျွန်တော် ကြက်ဥအစိမ်းကို ဖောက်သောက်တတ်ပါတယ်။ ကြက်ဥပြုတ် များများစားရင် နှလုံးအတွက် မကောင်းဘူးဆိုတာ ဟုတ်ပါသလားခင်ဗျာ။ ကြက်ဥအစိမ်းဆိုရင်ကော ဘေးကင်းမလား။ ကြက်ဥအကြီး သုံးလေးလုံးလောက် နေ့တိုင်း ဖောက်သောက်တာ များနေမလားအစ်ကို။ ကျွန်တော်က အသားကြီးတွေလဲ သိပ်မစားတော့ အားရှိအောင်ဆိုပြီး ကြက်ဥဖောက်သောက်တာပါ။ အများဆုံး ဘယ်နှစ်လုံး သောက်လို့ရမလဲခင်ဗျာ။

    ReplyDelete
  45. နောက်၁ခုပါ မေးချင်သေးတယ်အစ်ကို။ ကျွန်တော် ၀မ်းချုပ်လိုက်၊ မူးလိုက်၊ သွေးပေါင်ကျလိုက်နဲ့ နေမကောင်း တစ်မျိုးပြီးတစ်မျိုး ဖြစ်ဖြစ်နေတာ ဆေးတွေသောက်လဲ ခဏပဲ။ နောက်တော့ ဆရာဝန်တွေပြောလို့ ကျွန်တော့် စားပုံသောက်ပုံကို ပြောင်းလိုက်တော့ ပိုကျန်းမာလာတယ်။ ကျွန်တော်က အဆောင်နေတုန်းက ဟင်းမချက်ဘဲ အိမ်ကပို့တဲ့ ငပိကြော်၊ ငခြောက်ကြော်၊ အသားခြောက်တွေပဲ ဟင်းလုပ်ပြီး နေ့တိုင်းထမင်းစားလာတာ ခြောက်နှစ်နီးပါးလောက် ရှိတယ်ခင်ဗျ။ နယ်ပြောင်းတော့လဲ အသီးအရွက်ဈေးကြီးတဲ့နေရာ ရောက်သွားတော့ အသီးအရွက် မစားဖြစ်ဘူး။ ထမင်းနဲ့ ငရုတ်သီးဆားနယ် စားလိုက်၊ ဘဲဥကြော်စားလိုက်ပဲ။ နေမကောင်းဖြစ်လွန်းလို့ အခု ဆရာဝန်တွေလုပ်ခိုင်းတဲ့အတိုင်း သစ်သီးဖျော်ရည်သောက်၊ ဟင်းသီးဟင်းရွက်စား၊ ပင်လယ်ငါးစား၊ နို့သောက် လုပ်တော့ တရှောင်ရှောင်မဟုတ်ပဲ ပိုနေကောင်းလာတယ်။ ဒါပေမယ့် ဓာတ်စာဖိုးနဲ့ တစ်လတစ်လ ခက်နေတယ်ခင်ဗျာ။ ကျွန်တော့်ဝင်ငွေက ကျွန်တော်ပြန်စားရတဲ့ ဓာတ်စာနဲ့တင် တော်တော်ကုန်နေလို့ပါ။ အစား ဒီလောက်ဝယ်မစားဘဲ ဈေးသက်သာတဲ့အားဆေးသောက်လို့ မရဘူးလားခင်ဗျာ။

    ReplyDelete
    Replies
    1. ကျနော်ပေါင်းပြီးဖြေပေးလိုက်ပါ့မယ်။ ဘယ်အစားအသောက်မှာမဆို တော်ရုံသင့်ရုံဆိုဘေးမဖြစ်တတ်ပေမယ့် အလွန်အမင်းစားသုံးရင်တော့ ဘေးဖြစ်တတ်တာပါပဲ။ ကြက်ဥမှာအဓိကပါတာက ကိုလက်စတရော နဲ့ ပရိုတင်းဓါတ်တွေဖြစ်ပါတယ်။ အဲဒီအတွက်များများစားရင်တော့ ကိုလက်စတရောတက်ပြီး နှလုံးအတွက်မကောင်းဖြစ်နိုင်လောက်တယ်ဆိုပြီး အငြင်းအခုန်ဖြစ်နေတုန်းပါ။ အစဉ်အဆက်လက်ခံလာခဲ့တာကတော့ ကြက်ဥပာာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီးလက်ခံထားကြတော့ အခုထိငြင်းနေတုန်းပဲ။ ဒါပေမယ့်လည်း တစ်နေ့ကို တစ်လုံး ၂လုံးလောက်ကတော့ အန္တရာယ်မရှိနိုင်လောက်ပါဘူး။
      အသီးအရွက်တွေ၊ အသီးအနှံတွေကတော့ စားမှကိုဖြစ်မှာပါ။ ဘယ်ဆေးဝါးမှတော့ လုံးဝဥသုံကြီး လိုအပ်တဲ့ဓါတ်တွေကိုမဖြည့်တင်းနိုင်ပါဘူး။ အားဆေးသောက်ချင်ရင်တော့ vitamin-C, E, B1 B6 B12 ပါတဲ့အားဆေးတွေကိုရွေးချယ်သောက်သုံးနိုင်ပါတယ်။ အားဆေးအများစုမှာတော့ အဲဒီဓါတ်တွေပါတတ်ပါတယ်။ ဈေးကတော့ မိမိရွေးချယ်တဲ့အမျိုးအစားပေါ်မူတည်ပြီး ကွာတတ်ပါတယ်။ ဒါပေမယ့်လည်း အစားအသောက်မှာပါသလိုတော့ ရမှာမပာုတ်ဘူးခင်ဗျာ။

      Delete
  46. ဆရာခင်ဗျား... HIV ပိုးက တံတွေးတို့ ၊ နှပ်ရေတို့ မှတဆင့်ကူးစက်နိုင်ပါသလားခင်ဗျာ။

    ReplyDelete
    Replies
    1. HIV ပိုးပာာ တံတွေး၊ နှပ်တို့လိုမျိုးမှာခန္ဒာကိုယ်ကစွန့်ထုတ်တယ့်အရည်တွေမှာ အနည်းငယ်ပါပေမယ့် ကူးစက်နိုင်တဲ့အခြေအနေထိတော့မဖြစ်နိုင်ပါဘူး။ အဓိကကူးစက်တာက သွေး၊ လိင်၊ မိခင်မှကလေး အဲလိုမျိုးတွေကအဓိကကူးတာပါ။

      Delete
  47. မင်္ဂလာပါဆရာ
    92 ဆေးနှင့်ကွမ်းစားတာတနေ့ ဆယ့်လေးငါးရာကုန်ပါတယ်။ စားတာလည်း ၁၅ နှစ်လောက်ရှိနေပါပြီ။
    နူတ်ခမ်းမှာဖြူနေသည်။ 12% ဘီယာလည်း တစ်ပတ် ၂ ဗူးလောက်သောက်ဖြစ်နေသည်။ ကျနော့်အသက် 39 ထဲမှာပါဆရာ။ ဆက်စားသင့်မစားသင့် ပြောပေးပါဆရာ။1 2%ဘီတယာကရော ဘာဆိုးကျိုးပေးနိုင်ပါသလဲဆရာ။

    ReplyDelete
    Replies
    1. ကွမ်းစားတာကတော့ ဆက်မစားတာအကောင်းဆုံးပဲအကိုရေ။ ထုံးရော၊ ဆေးရွက်ကြီးရော၊ တခြားဆေးတွေရော အားလုံး ဘာတစ်ခုမှကောင်းကျိုးကိုမပေးတာ၊ သွားရောဂါတွေဖြစ်မယ်၊ ခံတွင်းရောဂါတွေဖြစ်မယ်၊ ညစ်လည်းညစ်ပတ်သေးတယ်။ ရှောင်နိုင်ရင်တော့အကောင်းဆုံးပါ။ တစ်ပတ်ကို ဘီယာ၂ဗူးလောက်ကတော့ မများလှတဲ့ပမာဏဖြစ်တဲ့အတွက် ဆိုးကျိုးမပေးနိုင်ပါဘူး။ ဒါပေမယ့် အဆစ်အမြစ်တွေကိုက်ခဲတတ်တဲ့သူတွေမှာတော့ ဘီယာပာာပိုပြီးဆိုးစေပါတယ်ခင်ဗျာ။

      Delete
  48. မင်္ဂလာပါဆရာ
    သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဘယ်မှာထိုးလို့ ရလဲ။ဘယ်လောက်ကုန်ကျနိုင်ပါသလဲဆရာ။

    ReplyDelete
    Replies
    1. သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ထိုးရတာဘာမှမခက်ပါဘူး။ ဘယ်ဆရာဝန်နဲ့မဆို ဘယ်ဆေးခန်းမှာမဆိုထိုးနိုင်ပါတယ်။ ဆေးဆိုင်အကြီးတစ်ခုမှာဆေးဝယ်ပြီး ထိုးလို့ရပါတယ်။ ဆေးကတော့ တံဆိပ်အမျိုးမျိုးနဲ့လာပါတယ်။ တစ်ခါတည်းထိုးရမှာတော့ မပာုတ်ပါဘူး။ ၃ခါထိုးရပါတယ်။ ပထမဆုံးအကြိမ်၊ ၂လာအကြာမှာတစ်ကြိမ်၊ ၆လအကြာမှာတစ်ကြိမ်ထိုးရပါတယ်။ သုံးတဲ့ဆေးအမျိုးအစားပေါ်မူတည်ပြီးဈေးကွာတယ်ထင်ပါတယ် (ကျနော်လည်း ဈေးတွေသေချာမသိလို့ပါ။ ဆေးတစ်လုံးကို ၅၀၀၀၀လောက်တော့ရှိမယ်ထင်တာပဲ)

      Delete
  49. ပြန်လည်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

    ReplyDelete
  50. ဒေါက်တာခင်ဗျား
    ကျွန်တော် မိသားစုဝင်များ ဆုံးရှုံးပြီး ပူဆွေးသောက ရောက်သွားပြီးနောက် စကားထစ်ငေါ့၊ စကားမပီဖြစ်သွားပါတယ်။ယခု အလုပ်ကိစ္စများ ပြောဆိုရာမှာတောင် ကျွန်တော်စကားပြောရင် ရံဖန်ရံခါ သူများနားမလည်တဲ့အတွက် စာရေးပြောခြင်း၊ ဖုန်းမက်ဆေ့ပို့ခြင်းများနဲ့ ပြောဆိုဆက်သွယ်ရပါတယ်။ ပြန်ကောင်းလာအောင် ဘယ်လိုလုပ်ရပါမလဲ ဒေါက်တာ။

    ReplyDelete
    Replies
    1. ပာုတ်ကဲ့အကိုခင်ဗျား။ ပြင်းထန်တဲ့စိတ်ခံစားမှုတွေနောက်ပိုင်းမှာ အခုလိုမျိုးစကားပြောတဲ့နေရာမှာအခက်အခဲဖြစ်သွားတာမျိုးတွေဖြစ်နိုင်တယ်လို့တော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ကျနော့်အနေနဲ့အကူအညီပေးနိုင်တာနည်းပါလိမ့်မယ်ခင်ဗျာ။ ကျနော်လက်လှမ်းမီတဲ့ အနေအထားမှာမရှိတဲ့အပြင် ဆေးသောက်ရုံနဲ့တော့ ကုသလို့မရနိုင်ပါဘူးခင်ဗျာ။ အကောင်းဆုံးအကြံပေးချင်တာကတော့ ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီးတစ်ယောက်ယောက်နဲ့ ပြသတိုင်ပင်သင့်ပါတယ်ခင်ဗျာ။ အပြင်မှာကုသမှဖြစ်မယ့်ရောဂါမျိုးဖြစ်နေတာကြောင့် သွားရောက်ပြသသင့်ပါတယ်ခင်ဗျာ။ လိုအပ်တာတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ သွားပြသင့်တာက အာရုံကြောခွဲစိတ်ဆရာဝန်မပာုတ်ပါဘူး။ အာရုံကြောသမားတော်ပါ။ မှားနေမှာစိုးလို့ပါ။

      Delete
  51. မွေးမြူရေးကြက်သားတွေက ဟော်မုန်းဆေးတွေ ကြွေးပီးမွေးထားလို့ မစားသင့်ဘူးဆိုတာ မှန်မမှန် သိချင်ပါတယ်ဆရာ.။ အဲဒီကြက်တွေကို ဆေးထိုးရင် တောင်ပန်နဲ့လည်ချောင်းကို ထိုးတာမို့လို့ ကြက်တောင်ပန်များများမစားသင့်ဘူးဆိုတာရော မှန်ပါသလား။

    ReplyDelete
    Replies
    1. ဒီနေရာမှာ မွေးမြူရေးကြက်တွေပာာ တကယ်ကိုပောာ်မုန်းဆေးတွေထိုးပြီး ကြီးအောင်လုပ်ထားလားဆိုတာကို ကျနော်သေချာမသိတဲ့အတွက် ပြန်ဖြေရခက်နေပါတယ်။ တကယ်ဆေးထိုးပြီးကြီးအောင်လုပ်ထားတာမျိုးဆိုရင်တော့ မစားသင့်ပါဘူး။ ဒါပေမယ့်လည်း အခုနောက်ပိုင်းက လူတိုင်းလိုလိုမွေးမြူရေးကြက်သားပဲစားနေတာကြတာပါ။ တကယ်သာအန္တရာယ်ရှိတယ်ဆိုရင်တော့ လူအများအပြားမှာရောဂါဝေဒနာတွေဖြစ်နေလောက်ပါပြီ။ ဆေးထိုးရင်တော့ ဘယ်နေရာကိုပဲထိုးထိုးပါ၊ တကိုယ်လုံးကိုရောက်မှာပါပဲ။ တောင်ပံကိုထိုးလို့တောင်ပံမစားရဘူးမပာုတ်ပါဘူး။ တကယ်ဆေးထိုးတာဆိုရင်တော့ ဘယ်နေရာမှမစားသင့်ပါဘူး။ ဒါပေမယ့် အဲဒါမပာုတ်လောက်ဘူးထင်ပါတယ်ခင်ဗျာ။

      Delete
  52. ဆရာရှင့်။ အန်တီတစ်ယောက်က ဆန်စေ့တွေကို ရေနံဆီနဲ့စိမ်ပြီး စားပါတယ်။ စွဲစွဲမြဲမြဲစားလာတာ နှစ်တော်တော်ကြာပါပြီ။ သူ့ကလေးကိုယ်ဝန်ရှိထဲက အဲဒီလို စားချင်တာလို့ ပြောပါတယ်။ ပြတ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။

    ReplyDelete